Wednesday, December 3, 2008

အားလုံးမင်္ဂလာပါရှင်

ချယ်ရီချိုမလာတာကြာပြီနော်....သူများဘလော့တွေတော့ဝင်ဖတ်ရင်း..

အားပေးနေပေမယ့်..ကိုယ်တိုင်တော့ပို့စ်အသစ်တွေမတင်ဖြစ်ဘူးလေ....တော်ကြာချယ်ရီရဲ့ဘလော့လေး..

ပျင်းစရာကောင်းနေပါဦးမယ်နော်.....

ချယ်ရီချို


ရပ်တည်ချက်ကိုယ်စီနဲ့

ချစ်သူ

မပျော်ဘူးလားဆိုတဲ့

မေးခွန်းများ....

ငါ့မှာဖြေဖို့ရာက..မရှိ

နင်လုပ်ဆောင်တာ..အားလုံး

ငါအတွက်..၀မ်းနည်းစရာချည်း

တစ်ခါတစ်လေတော့လည်း...

နင်မရှိတာ.....

ငါ့အတွက်ကောင်းသား

ငါ့အတွက်..ငါကိုယ်တိုင်

အရာအားလုံးလုပ်ဆောင်နိုင်ခဲ့

နင်သာငါ့ဘေးရှိနေရင်

အရာအားလုံးနင်ရှိမှ...

နင်လေုပ်ဆောင်မှသာ...

ဆိုတဲ့..နင်ကသာ..ငါ့သခင်

အခုတော့လည်း...

နင်မရှိမှ...

အရာအားလုံးဟာ...

ငါလုပ်ဆောင်မှသာ

ဆိုတဲ့..ငါ့ကိုမော့ကြည့်နေသူကရှိ

သြော်...ငါ့နှယ်နော်

ရိုက်ခတ်လာတဲ့လောကဓံ

အခုလည်း..ခံပေဦးပေါ့

ဒါကမှ..ငါ့ဘ၀အစစ်အမှန်

နောက်ဆို...

ဝေးကွားသွားခြင်းက...

ကံကောင်းခြင်းလို့..မှတ်ယူ

ချစ်သူ....

နင်လည်း..ရောက်ရာအရပ်မှာ

ပျော်မွေ့စွာ..ကျင်လည်

ချယ်ရီချို

လက်တို့လိုက်ဦးမယ်f

အမေရေလုပ်ပါဦး...

ဘာလုပ်ရပါ့..သမီး

သမီ..ကျောင်းလည်းပြီး

ဘွဲ့လည်းရ..

ကျေးဇူးတင်လှပါ့..မေမေ

အိုကွယ်..ဒါများ

အမေတို့ရဲ့..၀တ္တရားကွယ့်

သိပါ့အမေရယ်းးးးးးးးးးးးးးး

မွေးကတည်းက..အခုချိန်ထိ..

အကုန်ပြည့်ပါရဲ့..အမေ

ထူးပါ့ငါ့သမီး...

ဘများကျန်သေးတုန်း

အို..အမေကလည်း

ကျန်သေးသပါ့..စဉ်းစားဦး

တစ်နှစ်ပြီးတစ်နှစ်....

ဝါ၀င်ဝါထွက်..အမေမြင်သား..

အမေ့သူငယ်ချင်းများလည်း..

မြေးချီနေကြတာ...

အမေ..အားကျနေသလား..

ထင်မိလို့....

ဒီလိုနဲ့ပေါ့အမေရယ်...

ကြုံတုန်းပြောပါရစေရှင့်..

ဝါလည်းထွက်ပြီလေ....

မိဘ၀တ္တရားထဲမှာ...ဟီးးးး

တစ်ခုကျန်နေသေးကြောင်း

လက်တို့..သတိပေးမိပါ့..အမေ

ချယ်ရီချို



Sunday, August 24, 2008

မင်္ဂလာပါရှင့်
ကျွန်မချယ်ရီချိုပို့စ်အသစ်လေးများတင်ထားပါတယ်ရှင့်...ကျွန်မရဲ့သူငယ်ချင်း
ဘလော့ကာများ..အားပေးသူများ..အွန်လိုင်းပေါ်မှာတွေ့ရင်ခေါ်ပါ..ပြောပါနူတ်ဆက်ပါလို့...
ဒီကခပ်ချောချောလေး...ကျွန်မ(ချယ်ရီချို)ကခင်မင်စွာ..ကြိုဆိုနေပါကြောင်း
ချယ်ရီချို

Saturday, August 23, 2008

သူဆိုတဲ့....ကျွန်မ

ကိုးရီးယားစကတ်တဲ့...
ရှေ့နောက်မှားမိပြီး...
စတိုင်ထုတ်မိတာလည်း....
သူပါပဲ....
ဒေါက်ဖိနပ်အမြင့်စီး
အိုင်တင်တွေထုတ်ရင်း
လမ်းမှာ...ဖိနပ်မပြတ်
အောက်ကဒေါက်လေး..ပြုတ်လို့
အနမ့်တစ်ဖက်..အမြင့်တစ်ဖက်နဲ့
ဟာသ..တွင်စေတာလည်း....
သူပါပဲ..
နေပူပြင်မှာ.ဆိုင်ကယ်စီး
အသားမဲမှာစိုးလို့..
ထီးကလေးဖွင့်ဆောင်းမိ
လေထီးခုန်သလိုမျိုးနဲ့
ဆိုင်ကယ်ပေါ်ကလွှင့်ကျန်ကာ
စကတ်လေး..ခေါင်းပေါ်မှာခြုံကာ
ဆိုင်တန်းများရှေ့..
မီးမီးလေး..ရှက်ရှက်ဖြစ်တာလည်း
သူပါပဲသေးလေ...
လမ်းလျှောက်ရင်း...
ပါးစပ်ကမုန့်က..ပြတ်တယ်မရှိ
အငေးလွန်ပြီး...ဓာတ်မီးတိုင်နဲ့
အကြိမ်ကြိမ်ဝင်တိုးမိတာလည်း....
သူပဲသေး...
အသစ်အဆန်းများ...
ကြိုက်မှကြိုက်တဲ့...
ဘယ်နေရာမှာ..ဆိုင်အသစ်ဖွင့်
သူရောက်ပြီးပြီ....
ဆိုင်အနေအထားသူသိပြီးသား
ဗေဒင်ဆိုလည်း...
မသိတဲ့နေရာသူမှာမရှိ
လမ်းထွက်ရင်..ပါးစပ်က
ပိတ်လို့မရ..တွေ့တဲ့လူတိုင်း
ပြုံးပြနူတ်ဆက်နေရတဲ့
သူခမျှာ...
ကျောင်းတက်တဲ့အချိန်မှာလည်း....
ကောင်လေးတွေဝိုင်းဝိုင်းလည်
သဘောကျ..ချစ်ကြိုက်လို့တော့
ယောင်မှားပြီးမထင်လိုက်လေနဲ့
အလှစာရွှက်ကိုယ်စီနဲ့...
ရည်းစားစာလာလာရေးခိုင်းလို့
အားတယ်တယ်ဆိုမရှိ...
ဒါကိုပဲ..သူက
ကုသိုလ်လည်းရ..၀မ်းလည်းဝတဲ့
လက်ထဲမှာပိုက်ဆံသာမရှိတာ
သူများကျွေးထားတာတွေနဲ့
သူစားနေရတာ..အကောင်းစားကြီးပဲ
မသိသူများက...သူဌေးသမီးတဲ့
အလှူပွဲများ..ယောင်ပြီးမဖိတ်လေနဲ့
မအားအားအောင်..
သွားတတ်တာလည်း..သူပါပဲ
သူငယ်ချင်းများမွေးနေ့တဲ့
မဖိတ်လေနဲ့.အရင်းရှုံးတာချည်းပဲ
သူပေးနေကျမွေးနေ့လက်ဆောင်က....
ဟီး.ဟီး..ကွန်ပျူတာနဲ့..
စိတ်တိုင်းကျတိုင်လုပ်ပြီး...
ယူလာမယ်..မွေးနေ့ကတ်ပဲ
ဒါကသူရဲ့ပင်တိုင်စတိုင်..
သူ..သူနဲ့..ဘယ်သူများလဲ
မစဉ်းစားမနေပါနဲ့...
သူက..စာရေးသူ..ကျွန်မ (ချယ်ရီချို)

cherrycho
အထင်ကြီးပါဘိ...ချစ်သူ
ချစ်သူရေ....
နင်ရဲ့..ထင်မြင်ချက်လား
အကြောင်းပြချက်လား....
ငါမသိတော့ဘူးကွယ်....
ငါ့အတွက်တော့...လေ
ငိုအားထက်..ရယ်အားသန်
ဘာတဲ့လဲ...
ငါကအရင်တစ်ယောက်နဲ့...
ပြန်တွဲလို့ဆိုလား...
သြော်..ချစ်သူရယ်
အထင်ကြီးပါဘိ...
ငါ့မှာ..နင်ကလွဲလို့
ကြည့်သမားလေးတောင်မရှိတာ
အရင်တစ်ယောက်ဆိုလည်း
ဘယ်သူများလဲမသိ...
များလို့မဟုတ်ဘူး..ချစ်သူ
ရှိကိုမရှိခဲ့တာလေ...
ရှားရှားပါးပါးနင်တစ်ယောက်ပဲ
ငါ့ကိုကြိုက်မယ့်သူရှိတာ
အခြားသူအထင်မကြီးဘဲ....
ငါသိပ်ချစ်ရတဲ့.ချစ်သူ
နင်ကိုယ်တိုင်က..
အထင်ကြီးနေမှတော့
ငါမဖြေရှင်းတော့ဘူး
အထင်ကြီးရတာနဲ့တန်အောင်
နင်ဆက်ပြီး..ဒီလိုပဲ...
အထင်ကြီးပေးပါ..ချစ်သူ
ငါ..ကျေနပ်လွန်းလို့ပါ
ချယ်ရီချို
မျှော်တော်ယောင်..

မျှော်သာမျှော်..ပေါ်မလာသူ
တမ်းတသူက...အမှတ်မရှိတဲ့
ကျွန်မ..
အဖြေတစ်ခုကိုသိနေသား
မကောင်းတာကြီးကိုပဲ..
စောင့်မျှော်နေတဲ့သူ
လောကရဲ့..ခပ်ညံ့ညံ့ထဲမှာ...
အမှန်တကယ်..ကိုယ်ပဲပါနေပြီလား
ချစ်သူရဲ့မွေးနေ့တဲ့...
နှစ်စဉ်နှစ်တိုင်း...
လက်ချိုးပြီးရေလိုက်တာ..
လက်ဆောင်လေးဝယ်...
မွေးနေ့ဆုတောင်းစကားလေး
စိတ်ကူးလေးထဲမှာပြော
ဒီနေ့ကိုလည်းရောက်
ထုံးစံအတိုင်း...
စိတ်ကူးထားခြင်းများ..ပျောက်
သိပြီးသားမို့..မထူးခြားတော့ပါဘူး
အခုငါမွေးနေ့ခါပြန်ရောက်
နင်ရဲ့ဆုေ>ခစကား..
ငါမျှော်နေမိပြန်...
ဒီတစ်ခါတော့..အရင်ကလိုမျိုး
အလိုက်မသိနဲ့..ဆုေ>ခစကား..
ငါအတင်းပြောခိုင်းလို့
နင်ရဲ့ရင်ထဲကမပါ
ဟန်ဆောင်လုပ်ပြုံး..စကားများလည်း
ငါမယူတော့ပါဘူး...
တကယ်တမ်းတော့..အရင်ကလို
နင်ရင်ထဲကမပါတဲ့..
ဆုတောင်းစကားလုံးလေးများကိုတောင်
ငါဆက်လက်မျှော်လင့်ပြီး...
စောင့်နေချင်သူပါ...ချစ်သူ
ချယ်ရီချို
Reason..ပေးပါချစ်သူ

ချစ်သူ
ရင်မှာနင့်နင့်ကြီး..
ထာဝရမျှော်..တွေးးး
ပြင်ဆင်ခွင့်လေးတောင်...
မရှိတော့ပြီလား..ချစ်သူ
ဘာပဲဖြစ်ဖြစ်....ပေါ့
နင်ထားခဲ့မယ်ဆိုလည်း...
ငါဖြေသိမ့်ဖို့..လေးများ
အကြောင်းပြချက်တစ်ခုခု
ပေးထားခဲ့သင့်တယ်လေ...
အခုတော့ငါမှာ...
ဘာကြောင့်များလဲဆိုတဲ့...
မေးခွန်းများအထပ်ထပ်....
ဖြေဆယ်ဖို့ရာ...မရှိ
ရှားပါးလှတဲ့..တို့နှစ်ယောက်
အမှတ်တရလေးများ...
သတိရလို့မှ..မပြီးနိုင်
ဘယ်နှယ်လုပ်ရပါ့..ချစ်သူ
ငါ့ကိုနည်းနည်းလေးပဲသနား...
ပြီးရင်...
ငါဖြေသိမ့်နိုင်ဖို့လေး
Reason..လေးတစ်ခုတော့
ပေးလိုက်ပါတော့လား..ချစ်သူရယ်
ချယ်ရီချို

Sunday, August 10, 2008

ကိုယ်ချည်းပါပဲ..သခင်ရယ်
သခင်
အမှတ်တရဆိုတာ
ဘယ်ကများပေါ်ပေါက်
အချစ်ဆိုတာကြီးက
ဘယ်သူဖန်ဆင်း
အချစ်ဘေးနားက
အမုန်းကြီးလည်း
ဘယ်လိုကြောင့်လဲ
မေတ္တာတရားက
ဘယ်လိုစာဖွဲ့မလဲ
ထပ်လာပြန်တယ်
ခင်မင်မူတဲ့...
ဘယ်ကများပေါ်လာ
စဉ်းစား...စဉ်းစားးးးးးးရင်း
တွေးရင်း..တွေးးးးး
သြော်..သခင်ရယ်
ဒါတွေအားလုံး
ကျွန်မကိုယ်တိုင်...
လုပ်ဆောင်ခဲ့တာချည်းပါ
သခင်
အရာအားလုံးကို..ဖန်တီး
ကျွန်မကိုယ်တိုင်လုပ်ဆောင်
ဖြစ်ပေါ်လာသော...
အချစ်..အမုန်း..များ
ကျွန်မကိုယ်တိုင်ခံစား..
ဒါကပဲ..လောကကြီးရဲ့
သဘောတရားကြီးတဲ့ ..သခင်
ချယ်ရီချို
ဝန်ခံလိုက်စမ်းပါ
ချစ်သူ..................
ဟန်ဆောင်များစွာနဲ့
ရင်ထဲကဆန္ဒမပါ
အဆင်ပြေလား...
ဆိုတဲ့မေးခွန်းများ
ဘာလို့များဟန်ဆောင်
မေခွန်းထုတ်နေသေးလဲ
ပြီးဆုံးသွားကြောင်း
ဝန်ခံဖို့သတ္တိက..
နင်မှာမရှိတာလား
ဒါမှမဟုတ်...
ငါအတွက်သိက္ခာဆယ်ပေးတာလား
ချစ်သူ...
ငါသိက္ခာအတွက်မထင်ဘူး
နင်အတွက်ပဲဖြစ်မယ်..
အချစ်ကြီးကြီးနဲ့...
အမုန်းကြီးများလည်းရခဲ့ပြီမို့
နင်နဲ့ငါပြီးဆုံးကြောင်း
နင်ဘက်ကမပြတ်သား...
ဝန်ခံမူကနှောင်နှေးသမျှ
ငါကတော့....
မိန်းမဆိုးကြီးဖြစ်နေတော့မယ်
ချယ်ရီချို
ကျွန်မရဲ့သူငယ်ချင်းများ

ခင်မင်မူအသိအမှတ်ပြု
နှစ်လိုစွာပြုံးပြမိ...
သူစိတ်နဲ့များမတိုက်ဆိုင်ခါ
မဲ့ပြတယ်လို့ထင်တတ်တဲ့
ကျွန်မသူငယ်ချင်း...ဇာခြည်
ဖြူဖြူကျော်သိန်းနဲ့သူလားငါလား
စတိုင်ထုတ်တတ်တဲ့...
အုပ်စုကိုကျော်ကြားစေသူ
ကျွန်မသူငယ်ချင်း...ခင်ဝင်း
ခန္ဓာကိုယ်နဲ့အလိုက်
တစ်ခါစားရင်..သုံးပန်းကန်
ထစ်ကနဲဆို...စိတ်ကတို
မျက်စူပုပ်ခြင်းက..သူ့စတိုင်
၀၀ကစ်ကစ်နဲ့ချစ်စရာကောင်းတဲ့
ကျွန်မသူငယ်ချင်း..မီမီ
မျက်လုံးလေးတလက်လက်
မာနကြီးသလိုလို...
အတည်ပေါက်နဲ့အစသန်သူ
မေဂျာမှာဘယ်သူအလှဆုံးမေး
သူကိုယ်သူလက်ညိုးပြတတ်တဲ့
ကျွန်မသူငယ်ချင်း..နွေး
ကိုးရီးဇတ်လမ်းဆို....
သူမကြည့်ဖူးတာမရှိ
ချစ်ခန်းကြိုက်ခန်းပြော
သူထိပ်ဆုံးက...
ခေါင်းစွပ်ဆွယ်တာလေးများဝတ်
မူလတန်းစာအုပ်ထဲက...
အက်စကီမိုးလိုမျိုးနဲ့
ကျွန်မသူငယ်ချင်း..ချိုနွယ်
နူတ်ခမ်းကထော်ထော်
ရန်လိုရာတွင်ပထမ..
စကားနိုင်လုရာမှာများ
သူ့ကိုနိုင်သူမရှိတဲ့...
ကျွန်မသူငယ်ချင်း..မီးထွေး
ဗေဒင်ဟုကြားရရုံနဲ့...
သူမရောက်ဖူးတာတစ်ခုမှမရှိ
ရည်းစားတစ်ယောက်ရ..တစ်ယောက်
ယတြာချေလိုက်တာလည်းအမော
ကလေးလိုလို..ဘာလိုလိုနဲ့
ပြသနာများရှာလာကာ...
သူငယ်ချင်းများကိုလူမိုက်ဌါးတဲ့
ကျွန်မသူငယ်ချင်း..ချိုဝင်း
တစ်လလုံးနေအ၀တ်အစားများ
ထပ်တယ်ဆိုမရှိလောက်အောင်
စတိုင်အမျိုးမျိုးထုတ်နိုင်တဲ့
အုပ်စုကြီးရဲ့ပင်တိုင်မော်ဒယ်
ကျွန်မသူငယ်ချင်း..ဇင်ဇင်
ရပ်ကွက်သတင်းပေါင်းစုံ
အတင်းများရဲ့အင်တာနက်
အမှန်ဆိုလို့ဆယ်ခါမှတစ်ခါ
အာပေါင်အာရင်းနဲ့အငြင်းသန်သူ
ကျွန်မသူငယ်ချင်း..သင်းစု
လမ်းလျှောက်ရင်းခေါင်းကတမော့မော့
မာနကြီးသလား..ဟင့်အင်း
မွေးရာပါစတိုင်တဲ့
ထစ်ကနဲဆို..ဆိုင်ကယ်မှောက်
ဘယ်သူလဲလို့သွားကြည့်...
တစ်ဦးတည်းသောခြေပျံမယ်
ကျွန်မသူငယ်ချင်း...ဧပြီတူး
သူငယ်ချင်းများကြား
စကားအပြောအကောင်းဆုံး
သူလိုငါလိုနေရင်း..နဲ့
တစ်ကွက်ကျော်ပြီး..လှည့်စား
ဒီလိုလုပ်မှ..ထမင်းစားဝင်တယ်ဆိုတဲ့
ကျွန်မသူငယ်ချင်း..ငယ်လေး
ရှိသမျှသူငယ်ချင်းများလည်းကုန်
ဖတ်ရှုအားပေးသူများတို့
စိတ်သဘောကျများတွေ့...
colorlesscherry@gmail.com
ဆက်သွယ်အကြောင်းကြား
ကျွန်မ..ချယ်ရီချိုက
မြားနတ်မ..လုပ်ပေးမှာဖြစ်ကြာင်း
ချယ်ရီချို

Tuesday, July 1, 2008

အားလုံးမင်္ဂလာပါရှင်
ဒီနေ့....ချယ်ရီချိုလာသွားပါတယ်ရှင့်
ဒီနေ့..ပို့အသစ်လေးလာတင်သွားပါတယ်ရှင့်
ဝေဖန်အားပေးကြပါဦးလို့.....ကျေးဇူးတင်ခြင်းများစွာဖြင့်
ချယ်ရီချို

သူငယ်ချင်းများ..သို့

စတွေ့စချင်းတော့...
ကြောင်တောင်တောင်
မာနကြီးသလိုလိုနဲ့...
နူတ်ဆက်ရ..ရှက်သလိုလိုနဲ့
စတိုင်တွေထုတ်...
ဆိုင်များထိုင်မိ...
သူရှင်းမယ်ငါရှင်းမယ်နဲ့
ဟင်း..နော်..
ကြာတော့များ..
မာနဆိုတာ..ဘယ်ကလာ
ပေါတောတောကြီးတွေ
လမ်းမှာများတွေ့..
ငါးစိမ်းသည်များ..အောက်မေ့ရ
နူတ်ဆက်လိုက်ရတာများ
ဆိုင်များထိုင်...
ဘယ်သူကျွေးမလဲတဲ့
အလာကားများ..
ကြိုက်မှကြိုက်တဲ့..
အမေရိကန်စီစတင်ဆိုလား
ကိုယ်ဟာကိုယ်ရှင်းတဲ့
ဟူးးးးးးးးးးးးးး
အခုတော့လည်း
ဒီလိုအချိန်မျိုးမရှိ
တမ်းတလိုက်တာ...
သူငယ်ချင်းတို့ရယ်...........
ချယ်ရီချို
ဒီနေ့..ချယ်ရီချို...အိမ်တကာလှည့်..(အဲမှားလို့..)ဆယ်တန်းအောင်စာရင်းဖွင့်...လို့..
ကျွေးသမျှအကုန်လိုက်စားရင်း ...ကြီးဒေါ်အိမ်ရောက်တော့ ...သူသမီးစာမေးပွဲအောင်လို့.. . ကျေနပ်နေရင်း.....နောက်ဆက် တွဲအတွက်...မိဘများထုံးစံ..ထပ်မံပြီးပူပန်ပြန်..
ဘယ်ဘာသာပေးယူပြီး..တက္ကသိုလ်ပေးတက်ရမလဲ ဆိုတာတွေမေးလာတော့....
ချယ်ရီက..ညီမလေးကို..ငါ့ညီမ..ဘာလုပ်ချင်လဲ..ဘာကိုဝါသနာပါလဲလို့မေးမိတော့...ဟီး..
ကျွန်မညီမက..ကျွန်မဘက်လိုက်ပါပေတယ်...လေယာဉ်မယ်လုပ်ချင်တယ်တဲ့...
ကျွန်မကိုယ့်ဟာကိုယ်တွေးပြီး...ရယ်လိုက်မိတယ်..ကျွန်မရဲ့လေယာဉ်မယ်ဖြစ်ခွင့်မရတဲ့
ခရီးစဉ်လေးကို..ချက်ချင်းကြီးကို..သတိရမိလိုက်လို့ပါ..ကျွန်မဆယ်တန်းအောင်စကတော့
ဘယ်မေဂျာယူရမလဲမသိ...ဘယ်ဘာသာကကောင်းတယ်..အသုံးဝင်တယ်ဆိုတာလည်း
သေချာအောင်မသိ....ထုံးစံအတိုင်း..ဆယ်တန်းအောင်တော့...အင်္ဂလိပ်စကားပြောတဲ့...
ကွန်ပျူတာသင်တန်းတဲ့...တက်လိုက်တာပဲ..အားလုံးကဒီလိုချည်းကိုး...မေဂျာလျှောက်ဖို့
အချိန်နားမရောက်တရောက်မှာ...ကျွန်မကအင်္ဂလိပ်စကားပြောမှာရှိတုန်း...ကျွန်မရဲ့ဆရာက
သမီးချယ်ရီ...ဘာမေဂျာလျှောက်မလဲလို့မေးတော့...ကျွန်မကလည်း..ဘာလျှောက်ရမယ်မှန်း
မသိဘူးလို့တော့ပြောတော့...ဆရာက..သမီးအရပ်ဘယ်လောက်ရှိလဲလို့မေးတော့...ကျွန်မက
၅ပေ၅..လို့ပြောလိုက်တော့...ဆရာက..သမီးလေယာဉ်မယ်လျှောက်မလားတဲ့..
ဟာ..ဆရာ..လျှောက်လို့ရလားဆိုတော့...ဆရာတပည့်ရင်းကြီးက..လေယာဉ်ရုံးက
ဘာလဲဆိုတော့မသိဘူး...ဆရာပြောတာနားမလည်လို့..သြော်ဟုတ်လား..ဆိုပဲပြောလိုက်မိတယ်
ဆရာက..လျှောက်လွှာယူလာပေးမယ်တဲ့...ကျွန်မကတော့ပျော်နေမိတာပေါ့...ဒီရက်မှာ
မနက်ပိုင်းသင်တန်းသားအားလုံးနှင့်..ညပိုင်းသင်တန်းအားလုံး..မိတ်ဆုံကြရင်းနဲ့ပေါင်းစုကာ
သင်တန်းကလူတွေအားလုံးက..ပျော်ပွဲစားအနေနဲ့ခရီးထွက်မယ်တဲ့...ပိုက်ဆံများဝိုင်းထည့်ရင်း
မနက်ဖြန်ခရီးအတွက်စီစဉ်နေကြတဲ့အချိန်မှာ...ကျွန်မရဲ့ငယ်ပေါင်းသူငယ်ချင်းကြီးက...
ဟေ့..ကချယ်..နင်မနက်ဖြန်လိုက်မလို့လားတဲ့..မီးလောင်ချောင်းကိုတောင်သွားမလို့ပြောတယ်
နင်နဲ့ဆိုမဖြစ်ဘူး...မလိုက်နဲ့တဲ့...ဟမ်..ဘာလို့မလိုက်ရမှာလဲ..ငါလည်းတစ်ခါမှမရောက်ဖူးတာ
လိုက်မှာပေါ့ဆိုတော့...သူကစိတ်ညစ်တဲ့ပုံစံနဲ့...မလိုက်နဲ့ချည်းပဲပြောတော့...ဟင်း..ဒီအကောင်
မဟုတ်တာဘာလုပ်ထားလဲမသိဘူး...ငါသိရင်..လျှောက်ပြောမှာကိုကြောက်လို့ဖြစ်မယ်ဆိုပြီး..
လိုက်မှာပဲ..မကျေနပ်ရင်..ပြီးရောဆိုပြီး..ရန်ပြန်စောင်လိုက်သေးတယ်...
သူကညပိုင်းတက်တာလေ..မနက်ပိုင်းကကျွန်မ..ရှိနေလို့..ဟီး..ဒီလိုနဲ့မနက်ဖြန်ရောက်တော့
ကျွန်မက..အ၀တ်ထုပ်တစ်ထုပ်နဲ့..မုန်မျိုးစုံတစ်ထုပ်နဲ့ရောက်တော့...အားလုံးက
လက်ဖက်ရည်ဆိုင်မှာစုထိုင်နေတော့...ကျွန်မလည်းဝင်ပြီး..အီကြာကွေးနှစ်ချောင်းစားလိုက်မိတယ်..
ကျွန်မရဲ့ငယ်ပေါင်းက..နင်နော်..ငါကိုအထုပ်ဆွဲခိုင်းဖို့စိတ်မကူးနဲ့တဲ့...ဒီလိုနဲ့ကားပေါ်ရောက်တော့
ငယ်ပေါင်းကြီးက..နင်အရှေ့ဘက်မှာပဲထိုင်ဆိုပြီး..သူကအနောက်ဘက်မှာ..ဂီတာကိုယ်စီနဲ့လေ
ကျွန်မကတော့..အရှေ့ဘက်ကထိုင်ခုံနေရာယူရင်း..ကားထွက်ပါလေရော...ဒီလိုနဲ့ဘယ်လောက်မှ
မရှိသေးဘူး...မိနစ်(၅၀)လောက်ပဲရှိသေးတယ်...မူးသလိုလိုတော့ဖြစ်နေသား....ဒီအချိန်မှာ
ကျွန်မရဲ့ငယ်ပေါင်းကြီးက..ဂီတာခေါက်ရင်း..ဟေးး..အီကြာကွေးထမင်းပြုတ်မစားချင်ဘူးနော်..
အော်လိုက်တယ်...သူအော်သံဆုံးတာနဲ့..ကျွန်မလည်း..ဝေါ့ကနဲ..နဲ့..စားထားတဲ့အီကြာကွေး
များအားလုံးပြန်ထွက်လာတော့တာပဲ...တစ်ကားလုံးဆူညံသွားပြီး..ဟာ..ကားကဘယ်လောက်မှမစီး
ရသေးဘူး..ဆက်အန်လို့ရအောင်..အိတ်တွေယူလာပေးကြတယ်...ဒီလိုနဲ့တစ်လမ်းလုံး..
ကျွန်မတစ်ကားလုံးကိုဒုက္ခတွေပေးမိတော့တယ်...ကျွန်မငယ်ကတည်းက...ကားစီးရင်ဒီလိုပဲလေ...
ကျွန်မကားမစီးရတာ..၂နှစ်လောက်ရှိပြီလေ...အခုမှပြန်စီးဖူးတာ..အရင်ကစီးဖူးတာတွေကလည်း.
ဒီလောက်မဝေးဘူးဆိုတော့...ဒီလောက်ဆိုးလိမ့်မယ်လို့မထင်မိဘူးလေ...ဒီလိုနဲ့..မီးလောင်ချောင်း
လည်းရောက်ရော..ကျွန်မလေ..နွမ်းဖတ်ဖတ်နဲ့...ကိုယ်ခန္ဓာကိုယ်တောင်..မသယ်ချင်တဲ့အနေအထား
ကားပေါ်က..အားလုံးဆင်းကြတော့...ကျွန်မကရေတံခွန်ကိုမ၀င်လိုက်တော့ဘဲ...
ကျန်ရစ်တော့မယ်ပြောတော့..ငယ်ပေါင်းကြီးက..မနေနိုင်ဘဲ..ဘာလိုလုပ်နင်တစ်ယောက်တည်း
ကျန်ရစ်လို့ဖြစ်မလဲ...ဆိုပြီး...ကျွန်မအထုပ်တွေကို..ဆောင့်အောင့်ကာ..သယ်ပေးပြီး...
ပါးစပ်ကလည်း..တတွတ်တွတ်နဲ့...မလိုက်ပါနဲ့လို့ပြောထားရက်နဲ့ဆိုပြီးတောပေါ့....
သူခမျာလည်း...ကောင်မလေးကိုငန်းပြီးလိုက်လာပါတယ်ဆိုမှ...ကျွန်မရဲ့အထုပ်တွေသယ်ပြီး
အိုင်တင်ကပျက်နဲ့..ကျွန်မနဲ့တစ်မျိုးထင်ပြီး...အမှတ်လျှော့မှကိုလည်း..သူခမျာ..စိတ်ပူနေ
ရှာပေါ့...ရေတံခွန်ထဲလည်းရောက်ရော...ကျွန်မအထုပ်တွေပစ်ပြီး...ကောင်မလေးနားက
ခွာကိုမခွာတော့တာ...ဟီး..ကျွန်မဆိုတဲ့မိန်းကလေးကလည်း...တစ်မျိုးပဲ...သိလား
ရေတံခွန်ရောက်လို့ရေလည်းမြင်ရော...ချက်ချင်းကို..လန်းဆန်းသွားပြီးခေါင်မူးကိုပျောက်...
ရေစိမ်ပစ်လိုက်တာ...အန်ထားလို့အစာမရှိတော့လို့..ဗိုက်ကပြန်ဆာလာတာနဲ့...နင်းကန်စား
ပစ်လိုက်မိတယ်...အားလုံးကကျွန်မကို..ကြည့်ပြီး..ကားပေါ်မှာတစ်မျိုး..ရေထဲမှာတစ်မျိုးနဲ့
ပြောစရာတွေဖြစ်လို့ပေါ့...အေးအေးမနေဘူး..ဂိမ်းကစားလို့သီချင်းတစ်ပုဒ်နဲ့တောင်...
ကလိုက်သေး...ဟီး..ဒီလိုနဲ့ပြန်ချိန်ရောက်တော့...အားလုံးပြန်ထွက်လာကြတော့...
လူကနေကောင်းသား...၀င်လာတုန်းလိုမဟုတ်တော့ဘူး...ကားပြန်မထွက်မီ..အအေးဆိုင်ဝင်ကြတော့
ကျွန်မကလည်း...ငယ်ပေါင်းကြီးကို...စချင်စိတ်လေးပေါ်လာတော့...ဟေ့..ငကြောင်..
နင်ငါ့ကို...အအေးတိုက်မလားလို့မေးတော့...ဘာလို့တိုက်ရမှာလဲလို့ပြန်ပြောတော့...
ဟေ့ကောင်...ဗူးပေါက်တစ်ထောင်ကို..ပိတ်လို့လုံတယ်နော်...ငါ့ပါးစပ်ကိုပိတ်လို့မရဘူးနော်
အိမ်ရောက်ရင်...မနားဘဲ..အားလုံးကိုလိုက်ပြောရမလားဆိုတော့...တော်တော့..နင်ဘာ
သောက်မလဲတဲ့...ကျွန်မလည်း..ဒီဆိုင်မှာဈေးအကြီးဆုံးအအေးကိုလိုက်ရှာတော့...
နယ်ဆိုင်လေးဖြစ်တော့..အစုံမရှိရှာဘူး...င်္ဒီတော့စတော်ဘယ်ရီဗူးရည်ကိုပဲ..နို့ဆီနဲ့ဖျော်ခိုင်းမိတယ်
ဒါလေးသောက်ပြီးတော့..ကားထွက်တော့မယ်ဆိုတော့..ကားပေါ်ပြန်တက်တော့..ကျွန်မစိတ်မှာ...
ကားစီးရမှာ..ကြောက်သလိုလိုဖြစ်လာတယ်...ဒီလိုနဲ့ပဲ...ဘယ်လောက်မှမစီးရသေးဘူး..
လာတုန်းကအတိုင်းပြန်ဖြစ်ပြီး...စတော်ဘယ်ရီဖျော်ရည်က..ပထမဆုံးထွက်လာတော့တာပဲ...
ရေစိမ်ရင်းနင်းကန်စားထားတဲ့...ဟာတွေကဆက်ဆက်တိုက်ပေါ့...တစ်ကားလုံးပွဲကျနေအောင်
ရယ်စရာဖြစ်သွားရော...အိမ်လည်းရောက်ရော..ခေါင်းမဖော်နိုင်တော့ဘူး...
နေမကောင်းဖြစ်တော့...မနက်ဖြန်ကျူရှင်မတက်နိုင်တော့ဘူးပေါ့....ကျူရှင်မှာတော့
ကျွန်မအကြောင်း..ကျွန်မ..မရှိတုန်းဘယ်လောက်ပြောထားလဲတော့မသိဘူး...
နောက်ရက်ကျွန်မကျူရှင်ရောက်တော့..ဆရာကမျက်နှာသိမ်မကောင်းရှာဘူး...
ဆရာကမေးတယ်...သမီးကားစီးရင်ဒီလို့ပဲမူးတတ်လားတဲ့..ဟုတ်ကဲ့လို့..ဒီလိုဟိုင်း
ဝေးမျိုးလည်း...အခုမှစီးဖူးတယ်လို့..ဒီတော့ဆရာက..ထပ်မေးတယ်..
သမီး..ရန်ကုန်ရောက်ဖူးလားတဲ့...ဟင့်အင်း..တစ်ခါမှမရောက်ဖူးလို့..ဒါဆို..သမီး
လေယာဉ်မစီးဖူးပေါ့...ဟင့်အင်း..မစီးဖူးလို့...ဆရာခမျာ...အမယ်လေးဆိုပြီး
ထိပ်ရိုက်တော့..ကျွန်မကကြောင်သွားတယ်..အမယ်လေး..အမယ်လေး...
တော်သေးလို့...ငါအရှက်မကွဲတာတဲ့...နင်ဒီလိုပုံစံနဲ့..ဘယ်လိုလုပ်ပြီး..
လေယာဉ်မယ်လုပ်မလဲတဲ့...ငါမှာလျှောက်လွှာတွေယူလာပြီးပြီတဲ့...ဟီး..
တစ်ဝိုင်းလုံး..၀ိုင်းရယ်ကြတာ..စာတောင်မသင်ရတော့ဘူး...ကျွန်မကလည်း...
အိုး..မှန်သားပဲ..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့...သြော်..ငါနှယ်နော်..ကိုယ့်အခြေအနေ
ကိုယ်မသိပါလားနော်လို့...ဒီလိုနဲ့ပဲ..ကျွန်မခမျာ...လျှောက်လွှာလေးတောင်မမြင်လိုက်ရဘူး
လေ...ဟီး..ဟီး..ဒါကတော့..ကျွန်မရဲ့..လေယာဉ်မယ်ဖြစ်ဖို့မသင့်ကြောင်း...
သတိပေးခရီးစဉ်လေးမို့...အမှတ်တရရှိသွားပါတယ်ရှင့်...
ချယ်ရီချို






Sunday, June 8, 2008

အားလုံးမင်္ဂလာပါရှင့်
ချယ်ရီချို...စနေနှင့်တနင်္ဂနွေလေးများ...မအား..အားအောင်
ကြိုးစားပြီးလာခဲ့ကာမှ...လိုင်းကမကောင်း...စက်မအားရတာနဲ့...ရသမျှအချိန်လေး
ကုန်ကုန်သွားတာပဲ...မတတ်တာကလည်းများ...မသိတာဆိုများ..ပြောလို့မကောင်း
လေ့လာစရာတွေမပြတ်တဲ့...ဤလောကကြီးနော်...လိုက်မမီနိုင်တဲ့ကျွန်မကပဲ..
ထုံပြီးရင်းထုံ...ဒီလိုပဲလားများမသိ..အိုး.......ပိုက်ဆံများရှိလို့ကတော့...
အင်တာနက်ဝယ်ပြီး..နေလိုက်ချင်တယ်လို့....ထက်ထက်မိုးဦးလိုမျိုးးးးး...
ဟီး..ကြေငြာဝင်ကြည့်ကြည်တယ်...သြော်..ကျွန်မနယ်နော်
ဘာတွေရေးမိနေပါလိမ့်...ကျွန်မမြို့လေးမှာ...အင်တာနက်လေးရှိလို့သာ...
ဒီလိုလေးတီးမိခေါက်မိရှိတာ...ကျေးဇူးတင်ရဦးမယ်လေ....
..သြော်..လူ့လိုအင်များ...အတောမသတ်နိုင်ပုံက
ခုတော့ဖြင့်..ပိုက်ဆံများရှိလို့ကတော့...ဆိုပြီး...ကျိန်းမိနေပြန်ပြီ....
အွန်လိုင်းပေါ်က...သူငယ်ချင်းကအပြစ်တင်တယ်...ဟေ့..ဘယ့်နှယ်
ချယ်ရီချိုရေ....နင်ပြောမှပဲ...အင်တာနက်သုံးတတ်အောင်..သင်တန်းဆိုတာ...
သီးသန့်ပိုက်ဆံပေးပြီး...သင်ရသေးတယ်လို့ကြားတယ်လို့..အပြစ်တင်တယ်...
ဒီကလည်း...အိုး..သင်တန်းမတက်ပဲ..ဘယ်သူကတတ်မလဲလို့ပြန်ပြောတော့
သူခမျာ...ကျွန်မကို...သနားသွားပုံရတယ်...ကျွတ်ကျွတ်နဲ့...သူကထပ်ပြီးမေးသေးတယ်..
ဘလော့ရေးတာလည်း...သင်တန်းရှိသေးလားတဲ့...ဟီး..ဒီကလည်း...
မှန်တိုင်းပဲ...သင်တန်းပေးမယ့်သူမရှိလို့လေ...လို့..ဟိုလေ..မေးလ်ပို့တာနဲ့..
ချဲတီထိုင်တာတွေပဲ...သင်တန်းရှိပါတယ်လို့...သူအတွက်ကျွန်မက..
သနားစရာဖြစ်နေပေမယ့်...ကျွန်မကတော့..ကျွန်မရဲ့မပြည့်စုံတဲ့ဘ၀အနေအထားနှင့်..
ကျွန်မရှင်သန်ကြီးထွားနေရာဒေသအလိုက်...ဘာလဲဆိုတာတော့သိပါတယ်လို့..
ပြောလို့မရတဲ့...ကျွန်မသိနေပါတယ်ဆိုတဲ့...သဲမှုန်လောက်အသိလေးများကိုပဲ...
ကျေနပ်နေမိကြောင်းနဲ့...ဤအသိလေးများရအောင်ပဲ...သင်ကြားပေးသော
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးနှင့်..သိသမျှရသမျှလေးတွေပြောပြပေး
ဖူးတဲ့..အွန်လိုင်းပေါ်က..အစ်ကို..အစ်မများနှင့်..သူငယ်ချင်းများအားလုံးကို....
ပီပြင်စွာ..ကျေးဇူးအထူးတင်ရှိပါကြောင်း....
ချယ်ရီချို
မှတ်ယူခြင်းကအရောင်မဲ့

တစ်ချိန်က....
ဝေးကွာမယ်လို့လည်း..မထင်
အပြစ်ဆိုတာလည်း..မရှိ
သစ္စာ..တဲ့
တည်မြဲခြင်းလို့ပဲ..မှတ်ယူ
လောကမှာ...
လူကောင်းဆိုလို့
ချစ်သူတစ်ယောက်သာ
မှတ်ယူ.........
သြော်..ချစ်သူ
အရာအားလုံး..ယုံကြည်
နင်မရှိရင်..မဖြစ်
ချစ်သူတစ်ယောက်သာ..စတဲ့
ဒီလိုခေါင်းစဉ်တွေတပ်
ဦးမော့နေမိခါမှ......
နင်သင်ပေးသမျှအားလုံး
ငါမှတ်ယူခဲ့တာတွေ...
နင်ပဲ..အားလုံး
ပြောင်းပြန်လှန်ခါမှ
ငါ့နှလုံးသား..
သွေးစိမ်းရှင်ရှင်..ဖြတ်လူး
ခံစားစရာ..မရှိအောင်
နာကျင်ခဲ့ရပြီမို့....
အမုန်းလို့...မှတ်ယူရင်း
ငါ့နှလုံးသား..သွေးများပျောက်
အရောင်မဲ့ပြီ..ချစ်သူ
ချယ်ရီချို
ချစ်တတ်ခြင်း

ချစ်သူ...
ငါဆီကို..ပြန်လာမယ်
ငါကိုချစ်နေဆဲ...ဆိုတဲ့
ငါ့ရဲ့..အတ္တများလည်း
ငါ..ခ၀ါချလိုက်မိ
တစ်ပါးရင်ခွင်မှာ...
ယစ်မူးပျော်နေတဲ့..
ချစ်သူကိုလည်း..
သ၀န်တိုမူတွေ..ပျောက်
သူ..ပျော်နိုင်ပါစေလို့
ငါကပဲ..ပြန်ဆုတောင်းမိ
မုန်းသွားတာလားဆိုလည်း.....
ဟင့်အင်း...
မုန်းခြင်းဆိုတဲ့...
ခံစားမူမျိုး..ငါမှာမရှိ
ချစ်သေးလားဆိုလည်း
အင်း..ချစ်တယ်
ဘာကြီးလည်းလို့..ထပ်မေး
ငါဖြေမယ်..ချစ်သူ
ရယူပိုင်ဆိုင်ခြင်းလည်း..ကင်း
မျှော်လင့်ခြင်းများလည်း..မရှိ
ငါဘ၀ကြီး..အေးချမ်း
အဖြူရောင်..မေတ္တာတရားသာ
ဆက်နွယ်ရစ်ပတ်သော...
ချစ်ခြင်းတရားများနဲ့သာ
ချစ်တတ်သွားတာပါ.....
ချယ်ရီချို

Saturday, May 31, 2008

သူငယ်ချင်းမိတ်ဆွေတို့ရေ....ချယ်ရီချိုဆို့တဲ့...ကျွန်မကလေ..
တစ်ခါတစ်လေတော့...လောကမှာ..ကျွန်မလောက်ပျော်တဲ့သူ
မရှိနိုင်လောက်ဘူးလို့ထင်ရလောက်အောင်ကို...ပျော်နေတတ်ပါတယ်..
တစ်ခါတစ်လေတော့လည်း...စိတ်ပင်ပန်းမှုတွေများ...သောကကြုံတဲ့အခါ
မျက်ရည်လည်းကျခွင့်မရတဲ့အနေအထားမျိုး...ပစ္စည်းများအပေါ်ပုံချပြီး
ပေါက်ကွဲလို့လည်းမရတဲ့..အခါမျိုးမှာ...ကျွန်မဘယ်လိုမှမနေတတ်ဘူးရှင့်
အပြုံးကိုဖန်တီး..ဟန်ဆောင်လုပ်ပြုံးနေရတဲ့..ကျွန်မကိုယ်ကျွန်မ
အရမ်းမုန်းမိတယ်...အမြဲတမ်းစိတ်သောကမရှိအောင်..ကျွန်မကြိုးစား
ပြီး..ကျွန်မနေနေပါတယ်...ရုပ်ရှင်ကြည့်တာတောင်..စိတ်ပင်ပန်းရမယ့်
သည်းထိတ်ရင်ဖိုဇတ်လမ်းမျိုး..ယောင်ပြီးတောင်မကြည့်ဘူး..
ဟာသကားများထိပ်ဆုံးက...ရယ်စရာစာအုပ်များထိပ်ဆုံးက
သူငယ်ချင်းများကြားမှာ...ရယ်စရာအပြောတတ်ဆုံးကျွန်မလေ
ဒီလိုစိတ်ပင်ပန်းမှုမျိုး..အင်မတန်ကိုကြောက်ပါတယ်...
ကျွန်မအခု...လုပ်ငန်းခွင်ဝင်နေတဲ့သူဖြစ်လာလေ..ပိုပိုပြီးတော့
ရင်ဆိုင်လာရတော့မယ်...ကျောင်းသူဘ၀တုန်းကလိုမျိုး..
ခဏလေးနဲ့..ပျော်စရာဟာသလုပ်ပြီး..ဖြေဖျောက်လို့လည်းမရ
ကျွန်မဘယ်လိုရင်ဆိုင်ရပါ့မလဲ...ရှေ့ဆက်ရမယ့်ဘ၀ခရီးလမ်များအတွက်
ကျွန်မရဲ့...အားကိုးရသော..ဘလော့မိတ်ဆွေများရေ...
အကြံကောင်းများနှင့်...နည်းလမ်းကောင်းများကို..
လမ်းညွန်ဆုံးမပေးကြပါဦးလို့......

Friday, May 16, 2008

ခေါင်းမော့ခွင့်

ချစ်သူ...
ဝင်လာပါလို့လည်း...
မဖိတ်ခေါ်ဘဲ
နင်..ဇွတ်ဝင်လာ
သွားမယ်လို့လည်း
နူတ်မဆက်ဘဲ...
နင်..ထွက်သွား
ကျန်ရစ်ခဲ့တဲ့..ငါက
ဘာကြီးလဲ...ချစ်သူ
နင်ရဲ့ရိုက်ချက်လို့လည်း...
မသတ်မှတ်ရက်ဘူး
ရိုက်ချက်မဟုတ်တဲ့..
အဖျားခတ်လေးပေါ့
နာလိုက်တာချစ်သူ...
ဖော်ပြလို့လည်း..မတတ်
ခေါင်းမော့ခွင့်လေးတောင်
ငါ့မှာ..ရှိသေးရဲ့လား
ဖိတ်မခေါ်တတ်တဲ့..ငါ
တားပိုင်ခွင့်မရှိတဲ့..ငါ
တစ်ချိန်ချိန်..
ပြန်ဆုံတဲ့အခါ
ခေါင်းမော့ခွင့်လေးတော့
ငါ့မှာ..ရှိပါရစေ
ချယ်ရီချို
အွန်လိုင်းခေတ်
အိုး...
ဘယ်လိုများပါလိမ့်
အွန်လိုင်းပေါ်မှာ..
ဆိုပေမယ့်..ရင်ထဲက
တကယ်အစစ်အမှန်ဆိုတဲ့...
ဘာဘာညာညာပေါ့..
သြော်...
ဒီကလည်း...ဟီးဟီး
ပြောဖန်များလာတော့
တကယ်ပဲများလားလို့....
ထင်ချင်လာသလိုလိုနဲ့
မိန်းကလေးများထုံးစံ
သေချာလေအောင်....
မူပြီးများ..အိုင်တင်ခံလိုက်မိတာ
အိုး..
ဘယ်လိုများပါလိမ့်¿¿¿¿းးး
နောက်တစ်ခါတွေ့တော့
မသိသလိုလိုနဲ့..
ဒါမှ..သြော်
ငါနှယ့်နော်...
မေ့စရာရှားလို့
အွန်လိုင်းခေတ်လေ...
ချယ်ရီချို
ချယ်ရီချို....ဒီနေ့လာသွားပါတယ်...
ပို့စ်တွေဆက်တိုက်တင်မလို့လုပ်တုန်း..ဟီး..ဟီး...
ရာသီဥတုကလည်း...အခွင့်အရေးမပေး....
မိုးတွေရွာ..လေပြင်းတွေတိုက်..နဲ့
အင်တာနက်ဆိုက်ဘာတွေ..ပိတ်လိုက်..ဖွင့်လိုက်နဲ့
ဟူး...ရင်နာလိုက်တာ..တင်ထားသမျှလေးကို
ဝေဖန်အားပေးတဲ့အတွက်..ကျေးဇူးများ..
တင်မဆုံးအောင်...ကို..အထူးတင်ရှိပါကြောင်း
ချယ်ရီချို

Monday, April 28, 2008

ဒီနေ့....ချယ်ရီချိုလာတာ...ပို့စ်တင်ဖို့မဟုတ်ပါဘူးရှင့်...သူငယ်ချင်းဆီဖုန်းဆက်ရင်း.
.အလုပ်ရကြောင်းကြွားချင်လို့..အိုင်ပီရုံးမှာဖုန်းလာဆက်တာပါ....အင်တာနက်မသုံးပါဘူး....
ကျွန်မဖုန်းလေးကောက်ခေါ်လိုက်ပါတယ်..
ဟဲလို......ဟဲလို....၅၈၂..က..၀ါဝါလွင်ကိုခေါ်ပေးပါဆိုပြီး..
.မြိတ်သံကနေပြီး...ဟီး..ဟီး..ရန်ကုန်သံပါအောင်..အတင်းလုပ်ပြီးပြောတာပေါ့... ဟီးဟီး...ပြောတော.ဖုန်းလာကိုင်တဲ့သူကနားမလည်ရှာပါဘူး..
..ဒီကလည်းအတင်းမလည်လည်အောင်ပြောတော့..
.သူခမျာ...သွားခေါ်ပေးပါတယ်...ဟိုဟာမ...ကဘယ်ရောက်နေလဲမသိဘူး....
အိမ်မှာမရှိရှာဘူး.....ဒီတော့...ဒီကလည်း..ဇွဲမလျော့ဘဲ....မှာထားခဲ့မယ်နော်ပြောပေးလိုက်ပါဆိုတော့.
..ဟိုကလည်း.....နားလည်သလိုလိုနဲ့.....ဟုတ်ကဲ့ခင်ဗျာ.
..ကျွန်တော်...မထားခင်ကိုပြောပေးလိုက်ပါမယ်တဲ့..
..အာ..ပါး...ချယ်ရီချိုတယောက်...အောင့်သက်သက်လား...ဘာလားတော့..မသိပါဘူး...
..ဖုန်းခွက်လေးကိုင်ပြီး...ဘာမှပြန်မပြောနိုင်အောင်ဖြစ်သွားပါတယ်....
ဘာပြောရမှန်းမသိတော့.....ရှက်ရှက်နဲ့....ဖုန်းလေးချပြီး..
.ဟိုလေ...အင်နာနက်ပါဆက်သုံးမယ်ဆိုပြီး...
.ဘလော့လေးများဖွင့်ကြည့်ဦးမှဆိုပြီး.....ဖွင့်ကြည့်တာ..
..ဒီနေ့ဇာတာကပဲမကောင်းလို့လားမသိဘူး....လိုင်းမကောင်းပါဘူး...
.ဂျီတော့လေးများရလို့.......၀မ်းသာစွာနဲ့....ဖွင့်လိုက်တော့..
.ကျွန်မရဲ့ဆရာ...ဦးရဲထွန်းကြီး...ရှိနေပါရော....ဦးရဲထွန်းဆီကနေ....
.ကျွန်အားပေးနေတဲ့....ပန်းခရေ...ရဲ့နက်ကိုမေးရင်းဂျီတော့နဲ့...
.မိတ်လေးဖွဲ့စကားပြောမယ်...လို့စိတ်ကူးရင်း....စကားပြောခွင့်ရတော့...ဟီးဟီး....ပျော်လိုက်တာ (ကျေးဇူးတွေအများကြီးကျွေးလိုက်ပါတယ်.....)...
..မကြာလိုက်ပါဘူး...လိုင်းမကောင်းလို့....တစ်ယောက်နဲ့တစ်ယောက်
...ဟင့်..ဟင့်..လုပ်ပြီး...ငိုလိုက်ရသေးတယ်.....သြာ်.....တယ်နော်....ဒီနေ့ကံမကောင်းပါလား
ချယ်ရီချို

Thursday, April 17, 2008

ရင်ထဲက..ချစ်သူ

အတ္တစိတ်တွေကို
ချိုးနိမ့်လို့ထား...
ရင်ထဲက..အချစ်
အပြင်ထွက်ရင်လေ
အတ္တရောင်လေးများစွန်းပေ..
အစွန်းလေးမဖျက်နိုင်ရင်
နားလည်မှုလေးများ..
ကွဲလွဲသွားရင်ဖြင့်
ရင်ထဲကတည်ဆောက်တဲ့
ချစ်ခရီးလမ်းများ....
အပြစ်ကိုယ်စီပုံချရင်း
ပြီးဆုံးသွားတတ်သတဲ့
ဒါတွေကို...
ရင်ဆိုင်ဖို့သတ္တိမရှိတဲ့..ငါ..
လူထဲကလူတစ်ယောက်မို့....
အတ္တရောင်လေး
ငါ့ဆိုတဲ့မိန်းကလေးမှာလည်း
ရှိနေပြန်သေးတော့....
ရင်ထဲကအချစ်များစွာ...
ရင်ထဲမှာထာဝရသိမ်းထားရင်း
အပြစ်ကင်းစွာဖြင့်..
ရှေ့ဆက်ပါရစေ..ချစ်သူ..
ချယ်ရီချို

စရေးပြီနော်

ရေးမယ်...ရေးမယ်နဲ့...ဘာရေးရမှန်းမသိတဲ့...ကောင်မလေး

မိတ်ဆက်ပါရစေနော်....
ကျွန်မနာမည်..ချယ်ရီချို..
အသက်ကတော့...၂၁နှစ်..
မြိတ်တက္ကသိုလ်ကနေပြီး...ပူပူနွေးနွေးလေး..ကျောင်းပြီးထားပါတယ်...
ရုပ်ရည်ရူပကာကတော့...ဟိုလေ..လူကြီးပြောတဲ့..ရွက်ကြမ်းရေကျိုလေးဆိုလားပဲ
ဟုတ်လား..မဟုတ်လားတော့...မသိပါဘူး...
တက္ကသိုလ်မှာတော့.. }ကွင်း}..ရထားပါတယ်.
မြင်သမျှကောင်လေးတွေ..ရှောင်ရှောင်ပြီး..ကွင်းသွားကြလို့
}ရှောင်ကွင်း}..ရထားကြောင်း..ကြုံတုန်း<ကားလိုက်မိပါတယ်..
လက်ရှိအလုပ်အကိုင်တော့...ယောင်ခြောက်ဆယ်..သူဌေးမလေးပါရှင့်
အခုတော့...ကဗျာလေးတစ်ပုဒ်...ရေးထားခဲ့မယ်နော်....
နောက်ထပ်လည်း....အမေ့ဆီကရသမျှမုန့်ဖိုးလေးများစုပြီးလာခဲ့ပါဦးမယ်......
ဝေဖန်အားပေးသူများ....အားလုံးကို....ကျေးဇူးအထူး..အထူးပင်တင်ရှိပါကြောင်း........
ချယ်ရီချို
ရေးမယ်...ရေးမယ်နဲ့...ဘာရေးရမှန်းမသိတဲ့...ကောင်မလေး