Saturday, August 23, 2008

သူဆိုတဲ့....ကျွန်မ

ကိုးရီးယားစကတ်တဲ့...
ရှေ့နောက်မှားမိပြီး...
စတိုင်ထုတ်မိတာလည်း....
သူပါပဲ....
ဒေါက်ဖိနပ်အမြင့်စီး
အိုင်တင်တွေထုတ်ရင်း
လမ်းမှာ...ဖိနပ်မပြတ်
အောက်ကဒေါက်လေး..ပြုတ်လို့
အနမ့်တစ်ဖက်..အမြင့်တစ်ဖက်နဲ့
ဟာသ..တွင်စေတာလည်း....
သူပါပဲ..
နေပူပြင်မှာ.ဆိုင်ကယ်စီး
အသားမဲမှာစိုးလို့..
ထီးကလေးဖွင့်ဆောင်းမိ
လေထီးခုန်သလိုမျိုးနဲ့
ဆိုင်ကယ်ပေါ်ကလွှင့်ကျန်ကာ
စကတ်လေး..ခေါင်းပေါ်မှာခြုံကာ
ဆိုင်တန်းများရှေ့..
မီးမီးလေး..ရှက်ရှက်ဖြစ်တာလည်း
သူပါပဲသေးလေ...
လမ်းလျှောက်ရင်း...
ပါးစပ်ကမုန့်က..ပြတ်တယ်မရှိ
အငေးလွန်ပြီး...ဓာတ်မီးတိုင်နဲ့
အကြိမ်ကြိမ်ဝင်တိုးမိတာလည်း....
သူပဲသေး...
အသစ်အဆန်းများ...
ကြိုက်မှကြိုက်တဲ့...
ဘယ်နေရာမှာ..ဆိုင်အသစ်ဖွင့်
သူရောက်ပြီးပြီ....
ဆိုင်အနေအထားသူသိပြီးသား
ဗေဒင်ဆိုလည်း...
မသိတဲ့နေရာသူမှာမရှိ
လမ်းထွက်ရင်..ပါးစပ်က
ပိတ်လို့မရ..တွေ့တဲ့လူတိုင်း
ပြုံးပြနူတ်ဆက်နေရတဲ့
သူခမျှာ...
ကျောင်းတက်တဲ့အချိန်မှာလည်း....
ကောင်လေးတွေဝိုင်းဝိုင်းလည်
သဘောကျ..ချစ်ကြိုက်လို့တော့
ယောင်မှားပြီးမထင်လိုက်လေနဲ့
အလှစာရွှက်ကိုယ်စီနဲ့...
ရည်းစားစာလာလာရေးခိုင်းလို့
အားတယ်တယ်ဆိုမရှိ...
ဒါကိုပဲ..သူက
ကုသိုလ်လည်းရ..၀မ်းလည်းဝတဲ့
လက်ထဲမှာပိုက်ဆံသာမရှိတာ
သူများကျွေးထားတာတွေနဲ့
သူစားနေရတာ..အကောင်းစားကြီးပဲ
မသိသူများက...သူဌေးသမီးတဲ့
အလှူပွဲများ..ယောင်ပြီးမဖိတ်လေနဲ့
မအားအားအောင်..
သွားတတ်တာလည်း..သူပါပဲ
သူငယ်ချင်းများမွေးနေ့တဲ့
မဖိတ်လေနဲ့.အရင်းရှုံးတာချည်းပဲ
သူပေးနေကျမွေးနေ့လက်ဆောင်က....
ဟီး.ဟီး..ကွန်ပျူတာနဲ့..
စိတ်တိုင်းကျတိုင်လုပ်ပြီး...
ယူလာမယ်..မွေးနေ့ကတ်ပဲ
ဒါကသူရဲ့ပင်တိုင်စတိုင်..
သူ..သူနဲ့..ဘယ်သူများလဲ
မစဉ်းစားမနေပါနဲ့...
သူက..စာရေးသူ..ကျွန်မ (ချယ်ရီချို)

cherrycho

2 comments:

ဆောင်း said...

လာရယ်သွားတယ်နော်

စိုင်းစိုင်းလားရှိုး said...

ဟီးဟီး အမှားပေါင်းများစွာနဲ့
သူပါပဲ