Sunday, June 8, 2008

အားလုံးမင်္ဂလာပါရှင့်
ချယ်ရီချို...စနေနှင့်တနင်္ဂနွေလေးများ...မအား..အားအောင်
ကြိုးစားပြီးလာခဲ့ကာမှ...လိုင်းကမကောင်း...စက်မအားရတာနဲ့...ရသမျှအချိန်လေး
ကုန်ကုန်သွားတာပဲ...မတတ်တာကလည်းများ...မသိတာဆိုများ..ပြောလို့မကောင်း
လေ့လာစရာတွေမပြတ်တဲ့...ဤလောကကြီးနော်...လိုက်မမီနိုင်တဲ့ကျွန်မကပဲ..
ထုံပြီးရင်းထုံ...ဒီလိုပဲလားများမသိ..အိုး.......ပိုက်ဆံများရှိလို့ကတော့...
အင်တာနက်ဝယ်ပြီး..နေလိုက်ချင်တယ်လို့....ထက်ထက်မိုးဦးလိုမျိုးးးးး...
ဟီး..ကြေငြာဝင်ကြည့်ကြည်တယ်...သြော်..ကျွန်မနယ်နော်
ဘာတွေရေးမိနေပါလိမ့်...ကျွန်မမြို့လေးမှာ...အင်တာနက်လေးရှိလို့သာ...
ဒီလိုလေးတီးမိခေါက်မိရှိတာ...ကျေးဇူးတင်ရဦးမယ်လေ....
..သြော်..လူ့လိုအင်များ...အတောမသတ်နိုင်ပုံက
ခုတော့ဖြင့်..ပိုက်ဆံများရှိလို့ကတော့...ဆိုပြီး...ကျိန်းမိနေပြန်ပြီ....
အွန်လိုင်းပေါ်က...သူငယ်ချင်းကအပြစ်တင်တယ်...ဟေ့..ဘယ့်နှယ်
ချယ်ရီချိုရေ....နင်ပြောမှပဲ...အင်တာနက်သုံးတတ်အောင်..သင်တန်းဆိုတာ...
သီးသန့်ပိုက်ဆံပေးပြီး...သင်ရသေးတယ်လို့ကြားတယ်လို့..အပြစ်တင်တယ်...
ဒီကလည်း...အိုး..သင်တန်းမတက်ပဲ..ဘယ်သူကတတ်မလဲလို့ပြန်ပြောတော့
သူခမျာ...ကျွန်မကို...သနားသွားပုံရတယ်...ကျွတ်ကျွတ်နဲ့...သူကထပ်ပြီးမေးသေးတယ်..
ဘလော့ရေးတာလည်း...သင်တန်းရှိသေးလားတဲ့...ဟီး..ဒီကလည်း...
မှန်တိုင်းပဲ...သင်တန်းပေးမယ့်သူမရှိလို့လေ...လို့..ဟိုလေ..မေးလ်ပို့တာနဲ့..
ချဲတီထိုင်တာတွေပဲ...သင်တန်းရှိပါတယ်လို့...သူအတွက်ကျွန်မက..
သနားစရာဖြစ်နေပေမယ့်...ကျွန်မကတော့..ကျွန်မရဲ့မပြည့်စုံတဲ့ဘ၀အနေအထားနှင့်..
ကျွန်မရှင်သန်ကြီးထွားနေရာဒေသအလိုက်...ဘာလဲဆိုတာတော့သိပါတယ်လို့..
ပြောလို့မရတဲ့...ကျွန်မသိနေပါတယ်ဆိုတဲ့...သဲမှုန်လောက်အသိလေးများကိုပဲ...
ကျေနပ်နေမိကြောင်းနဲ့...ဤအသိလေးများရအောင်ပဲ...သင်ကြားပေးသော
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးနှင့်..သိသမျှရသမျှလေးတွေပြောပြပေး
ဖူးတဲ့..အွန်လိုင်းပေါ်က..အစ်ကို..အစ်မများနှင့်..သူငယ်ချင်းများအားလုံးကို....
ပီပြင်စွာ..ကျေးဇူးအထူးတင်ရှိပါကြောင်း....
ချယ်ရီချို
မှတ်ယူခြင်းကအရောင်မဲ့

တစ်ချိန်က....
ဝေးကွာမယ်လို့လည်း..မထင်
အပြစ်ဆိုတာလည်း..မရှိ
သစ္စာ..တဲ့
တည်မြဲခြင်းလို့ပဲ..မှတ်ယူ
လောကမှာ...
လူကောင်းဆိုလို့
ချစ်သူတစ်ယောက်သာ
မှတ်ယူ.........
သြော်..ချစ်သူ
အရာအားလုံး..ယုံကြည်
နင်မရှိရင်..မဖြစ်
ချစ်သူတစ်ယောက်သာ..စတဲ့
ဒီလိုခေါင်းစဉ်တွေတပ်
ဦးမော့နေမိခါမှ......
နင်သင်ပေးသမျှအားလုံး
ငါမှတ်ယူခဲ့တာတွေ...
နင်ပဲ..အားလုံး
ပြောင်းပြန်လှန်ခါမှ
ငါ့နှလုံးသား..
သွေးစိမ်းရှင်ရှင်..ဖြတ်လူး
ခံစားစရာ..မရှိအောင်
နာကျင်ခဲ့ရပြီမို့....
အမုန်းလို့...မှတ်ယူရင်း
ငါ့နှလုံးသား..သွေးများပျောက်
အရောင်မဲ့ပြီ..ချစ်သူ
ချယ်ရီချို
ချစ်တတ်ခြင်း

ချစ်သူ...
ငါဆီကို..ပြန်လာမယ်
ငါကိုချစ်နေဆဲ...ဆိုတဲ့
ငါ့ရဲ့..အတ္တများလည်း
ငါ..ခ၀ါချလိုက်မိ
တစ်ပါးရင်ခွင်မှာ...
ယစ်မူးပျော်နေတဲ့..
ချစ်သူကိုလည်း..
သ၀န်တိုမူတွေ..ပျောက်
သူ..ပျော်နိုင်ပါစေလို့
ငါကပဲ..ပြန်ဆုတောင်းမိ
မုန်းသွားတာလားဆိုလည်း.....
ဟင့်အင်း...
မုန်းခြင်းဆိုတဲ့...
ခံစားမူမျိုး..ငါမှာမရှိ
ချစ်သေးလားဆိုလည်း
အင်း..ချစ်တယ်
ဘာကြီးလည်းလို့..ထပ်မေး
ငါဖြေမယ်..ချစ်သူ
ရယူပိုင်ဆိုင်ခြင်းလည်း..ကင်း
မျှော်လင့်ခြင်းများလည်း..မရှိ
ငါဘ၀ကြီး..အေးချမ်း
အဖြူရောင်..မေတ္တာတရားသာ
ဆက်နွယ်ရစ်ပတ်သော...
ချစ်ခြင်းတရားများနဲ့သာ
ချစ်တတ်သွားတာပါ.....
ချယ်ရီချို