ချစ်တတ်ခြင်း
ချစ်သူ...
ငါဆီကို..ပြန်လာမယ်
ငါကိုချစ်နေဆဲ...ဆိုတဲ့
ငါ့ရဲ့..အတ္တများလည်း
ငါ..ခ၀ါချလိုက်မိ
တစ်ပါးရင်ခွင်မှာ...
ယစ်မူးပျော်နေတဲ့..
ချစ်သူကိုလည်း..
သ၀န်တိုမူတွေ..ပျောက်
သူ..ပျော်နိုင်ပါစေလို့
ငါကပဲ..ပြန်ဆုတောင်းမိ
မုန်းသွားတာလားဆိုလည်း.....
ဟင့်အင်း...
မုန်းခြင်းဆိုတဲ့...
ခံစားမူမျိုး..ငါမှာမရှိ
ချစ်သေးလားဆိုလည်း
အင်း..ချစ်တယ်
ဘာကြီးလည်းလို့..ထပ်မေး
ငါဖြေမယ်..ချစ်သူ
ရယူပိုင်ဆိုင်ခြင်းလည်း..ကင်း
မျှော်လင့်ခြင်းများလည်း..မရှိ
ငါဘ၀ကြီး..အေးချမ်း
အဖြူရောင်..မေတ္တာတရားသာ
ဆက်နွယ်ရစ်ပတ်သော...
ချစ်ခြင်းတရားများနဲ့သာ
ချစ်တတ်သွားတာပါ.....
ချယ်ရီချို
Sunday, June 8, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment