Tuesday, July 1, 2008

အားလုံးမင်္ဂလာပါရှင်
ဒီနေ့....ချယ်ရီချိုလာသွားပါတယ်ရှင့်
ဒီနေ့..ပို့အသစ်လေးလာတင်သွားပါတယ်ရှင့်
ဝေဖန်အားပေးကြပါဦးလို့.....ကျေးဇူးတင်ခြင်းများစွာဖြင့်
ချယ်ရီချို

သူငယ်ချင်းများ..သို့

စတွေ့စချင်းတော့...
ကြောင်တောင်တောင်
မာနကြီးသလိုလိုနဲ့...
နူတ်ဆက်ရ..ရှက်သလိုလိုနဲ့
စတိုင်တွေထုတ်...
ဆိုင်များထိုင်မိ...
သူရှင်းမယ်ငါရှင်းမယ်နဲ့
ဟင်း..နော်..
ကြာတော့များ..
မာနဆိုတာ..ဘယ်ကလာ
ပေါတောတောကြီးတွေ
လမ်းမှာများတွေ့..
ငါးစိမ်းသည်များ..အောက်မေ့ရ
နူတ်ဆက်လိုက်ရတာများ
ဆိုင်များထိုင်...
ဘယ်သူကျွေးမလဲတဲ့
အလာကားများ..
ကြိုက်မှကြိုက်တဲ့..
အမေရိကန်စီစတင်ဆိုလား
ကိုယ်ဟာကိုယ်ရှင်းတဲ့
ဟူးးးးးးးးးးးးးး
အခုတော့လည်း
ဒီလိုအချိန်မျိုးမရှိ
တမ်းတလိုက်တာ...
သူငယ်ချင်းတို့ရယ်...........
ချယ်ရီချို
ဒီနေ့..ချယ်ရီချို...အိမ်တကာလှည့်..(အဲမှားလို့..)ဆယ်တန်းအောင်စာရင်းဖွင့်...လို့..
ကျွေးသမျှအကုန်လိုက်စားရင်း ...ကြီးဒေါ်အိမ်ရောက်တော့ ...သူသမီးစာမေးပွဲအောင်လို့.. . ကျေနပ်နေရင်း.....နောက်ဆက် တွဲအတွက်...မိဘများထုံးစံ..ထပ်မံပြီးပူပန်ပြန်..
ဘယ်ဘာသာပေးယူပြီး..တက္ကသိုလ်ပေးတက်ရမလဲ ဆိုတာတွေမေးလာတော့....
ချယ်ရီက..ညီမလေးကို..ငါ့ညီမ..ဘာလုပ်ချင်လဲ..ဘာကိုဝါသနာပါလဲလို့မေးမိတော့...ဟီး..
ကျွန်မညီမက..ကျွန်မဘက်လိုက်ပါပေတယ်...လေယာဉ်မယ်လုပ်ချင်တယ်တဲ့...
ကျွန်မကိုယ့်ဟာကိုယ်တွေးပြီး...ရယ်လိုက်မိတယ်..ကျွန်မရဲ့လေယာဉ်မယ်ဖြစ်ခွင့်မရတဲ့
ခရီးစဉ်လေးကို..ချက်ချင်းကြီးကို..သတိရမိလိုက်လို့ပါ..ကျွန်မဆယ်တန်းအောင်စကတော့
ဘယ်မေဂျာယူရမလဲမသိ...ဘယ်ဘာသာကကောင်းတယ်..အသုံးဝင်တယ်ဆိုတာလည်း
သေချာအောင်မသိ....ထုံးစံအတိုင်း..ဆယ်တန်းအောင်တော့...အင်္ဂလိပ်စကားပြောတဲ့...
ကွန်ပျူတာသင်တန်းတဲ့...တက်လိုက်တာပဲ..အားလုံးကဒီလိုချည်းကိုး...မေဂျာလျှောက်ဖို့
အချိန်နားမရောက်တရောက်မှာ...ကျွန်မကအင်္ဂလိပ်စကားပြောမှာရှိတုန်း...ကျွန်မရဲ့ဆရာက
သမီးချယ်ရီ...ဘာမေဂျာလျှောက်မလဲလို့မေးတော့...ကျွန်မကလည်း..ဘာလျှောက်ရမယ်မှန်း
မသိဘူးလို့တော့ပြောတော့...ဆရာက..သမီးအရပ်ဘယ်လောက်ရှိလဲလို့မေးတော့...ကျွန်မက
၅ပေ၅..လို့ပြောလိုက်တော့...ဆရာက..သမီးလေယာဉ်မယ်လျှောက်မလားတဲ့..
ဟာ..ဆရာ..လျှောက်လို့ရလားဆိုတော့...ဆရာတပည့်ရင်းကြီးက..လေယာဉ်ရုံးက
ဘာလဲဆိုတော့မသိဘူး...ဆရာပြောတာနားမလည်လို့..သြော်ဟုတ်လား..ဆိုပဲပြောလိုက်မိတယ်
ဆရာက..လျှောက်လွှာယူလာပေးမယ်တဲ့...ကျွန်မကတော့ပျော်နေမိတာပေါ့...ဒီရက်မှာ
မနက်ပိုင်းသင်တန်းသားအားလုံးနှင့်..ညပိုင်းသင်တန်းအားလုံး..မိတ်ဆုံကြရင်းနဲ့ပေါင်းစုကာ
သင်တန်းကလူတွေအားလုံးက..ပျော်ပွဲစားအနေနဲ့ခရီးထွက်မယ်တဲ့...ပိုက်ဆံများဝိုင်းထည့်ရင်း
မနက်ဖြန်ခရီးအတွက်စီစဉ်နေကြတဲ့အချိန်မှာ...ကျွန်မရဲ့ငယ်ပေါင်းသူငယ်ချင်းကြီးက...
ဟေ့..ကချယ်..နင်မနက်ဖြန်လိုက်မလို့လားတဲ့..မီးလောင်ချောင်းကိုတောင်သွားမလို့ပြောတယ်
နင်နဲ့ဆိုမဖြစ်ဘူး...မလိုက်နဲ့တဲ့...ဟမ်..ဘာလို့မလိုက်ရမှာလဲ..ငါလည်းတစ်ခါမှမရောက်ဖူးတာ
လိုက်မှာပေါ့ဆိုတော့...သူကစိတ်ညစ်တဲ့ပုံစံနဲ့...မလိုက်နဲ့ချည်းပဲပြောတော့...ဟင်း..ဒီအကောင်
မဟုတ်တာဘာလုပ်ထားလဲမသိဘူး...ငါသိရင်..လျှောက်ပြောမှာကိုကြောက်လို့ဖြစ်မယ်ဆိုပြီး..
လိုက်မှာပဲ..မကျေနပ်ရင်..ပြီးရောဆိုပြီး..ရန်ပြန်စောင်လိုက်သေးတယ်...
သူကညပိုင်းတက်တာလေ..မနက်ပိုင်းကကျွန်မ..ရှိနေလို့..ဟီး..ဒီလိုနဲ့မနက်ဖြန်ရောက်တော့
ကျွန်မက..အ၀တ်ထုပ်တစ်ထုပ်နဲ့..မုန်မျိုးစုံတစ်ထုပ်နဲ့ရောက်တော့...အားလုံးက
လက်ဖက်ရည်ဆိုင်မှာစုထိုင်နေတော့...ကျွန်မလည်းဝင်ပြီး..အီကြာကွေးနှစ်ချောင်းစားလိုက်မိတယ်..
ကျွန်မရဲ့ငယ်ပေါင်းက..နင်နော်..ငါကိုအထုပ်ဆွဲခိုင်းဖို့စိတ်မကူးနဲ့တဲ့...ဒီလိုနဲ့ကားပေါ်ရောက်တော့
ငယ်ပေါင်းကြီးက..နင်အရှေ့ဘက်မှာပဲထိုင်ဆိုပြီး..သူကအနောက်ဘက်မှာ..ဂီတာကိုယ်စီနဲ့လေ
ကျွန်မကတော့..အရှေ့ဘက်ကထိုင်ခုံနေရာယူရင်း..ကားထွက်ပါလေရော...ဒီလိုနဲ့ဘယ်လောက်မှ
မရှိသေးဘူး...မိနစ်(၅၀)လောက်ပဲရှိသေးတယ်...မူးသလိုလိုတော့ဖြစ်နေသား....ဒီအချိန်မှာ
ကျွန်မရဲ့ငယ်ပေါင်းကြီးက..ဂီတာခေါက်ရင်း..ဟေးး..အီကြာကွေးထမင်းပြုတ်မစားချင်ဘူးနော်..
အော်လိုက်တယ်...သူအော်သံဆုံးတာနဲ့..ကျွန်မလည်း..ဝေါ့ကနဲ..နဲ့..စားထားတဲ့အီကြာကွေး
များအားလုံးပြန်ထွက်လာတော့တာပဲ...တစ်ကားလုံးဆူညံသွားပြီး..ဟာ..ကားကဘယ်လောက်မှမစီး
ရသေးဘူး..ဆက်အန်လို့ရအောင်..အိတ်တွေယူလာပေးကြတယ်...ဒီလိုနဲ့တစ်လမ်းလုံး..
ကျွန်မတစ်ကားလုံးကိုဒုက္ခတွေပေးမိတော့တယ်...ကျွန်မငယ်ကတည်းက...ကားစီးရင်ဒီလိုပဲလေ...
ကျွန်မကားမစီးရတာ..၂နှစ်လောက်ရှိပြီလေ...အခုမှပြန်စီးဖူးတာ..အရင်ကစီးဖူးတာတွေကလည်း.
ဒီလောက်မဝေးဘူးဆိုတော့...ဒီလောက်ဆိုးလိမ့်မယ်လို့မထင်မိဘူးလေ...ဒီလိုနဲ့..မီးလောင်ချောင်း
လည်းရောက်ရော..ကျွန်မလေ..နွမ်းဖတ်ဖတ်နဲ့...ကိုယ်ခန္ဓာကိုယ်တောင်..မသယ်ချင်တဲ့အနေအထား
ကားပေါ်က..အားလုံးဆင်းကြတော့...ကျွန်မကရေတံခွန်ကိုမ၀င်လိုက်တော့ဘဲ...
ကျန်ရစ်တော့မယ်ပြောတော့..ငယ်ပေါင်းကြီးက..မနေနိုင်ဘဲ..ဘာလိုလုပ်နင်တစ်ယောက်တည်း
ကျန်ရစ်လို့ဖြစ်မလဲ...ဆိုပြီး...ကျွန်မအထုပ်တွေကို..ဆောင့်အောင့်ကာ..သယ်ပေးပြီး...
ပါးစပ်ကလည်း..တတွတ်တွတ်နဲ့...မလိုက်ပါနဲ့လို့ပြောထားရက်နဲ့ဆိုပြီးတောပေါ့....
သူခမျာလည်း...ကောင်မလေးကိုငန်းပြီးလိုက်လာပါတယ်ဆိုမှ...ကျွန်မရဲ့အထုပ်တွေသယ်ပြီး
အိုင်တင်ကပျက်နဲ့..ကျွန်မနဲ့တစ်မျိုးထင်ပြီး...အမှတ်လျှော့မှကိုလည်း..သူခမျာ..စိတ်ပူနေ
ရှာပေါ့...ရေတံခွန်ထဲလည်းရောက်ရော...ကျွန်မအထုပ်တွေပစ်ပြီး...ကောင်မလေးနားက
ခွာကိုမခွာတော့တာ...ဟီး..ကျွန်မဆိုတဲ့မိန်းကလေးကလည်း...တစ်မျိုးပဲ...သိလား
ရေတံခွန်ရောက်လို့ရေလည်းမြင်ရော...ချက်ချင်းကို..လန်းဆန်းသွားပြီးခေါင်မူးကိုပျောက်...
ရေစိမ်ပစ်လိုက်တာ...အန်ထားလို့အစာမရှိတော့လို့..ဗိုက်ကပြန်ဆာလာတာနဲ့...နင်းကန်စား
ပစ်လိုက်မိတယ်...အားလုံးကကျွန်မကို..ကြည့်ပြီး..ကားပေါ်မှာတစ်မျိုး..ရေထဲမှာတစ်မျိုးနဲ့
ပြောစရာတွေဖြစ်လို့ပေါ့...အေးအေးမနေဘူး..ဂိမ်းကစားလို့သီချင်းတစ်ပုဒ်နဲ့တောင်...
ကလိုက်သေး...ဟီး..ဒီလိုနဲ့ပြန်ချိန်ရောက်တော့...အားလုံးပြန်ထွက်လာကြတော့...
လူကနေကောင်းသား...၀င်လာတုန်းလိုမဟုတ်တော့ဘူး...ကားပြန်မထွက်မီ..အအေးဆိုင်ဝင်ကြတော့
ကျွန်မကလည်း...ငယ်ပေါင်းကြီးကို...စချင်စိတ်လေးပေါ်လာတော့...ဟေ့..ငကြောင်..
နင်ငါ့ကို...အအေးတိုက်မလားလို့မေးတော့...ဘာလို့တိုက်ရမှာလဲလို့ပြန်ပြောတော့...
ဟေ့ကောင်...ဗူးပေါက်တစ်ထောင်ကို..ပိတ်လို့လုံတယ်နော်...ငါ့ပါးစပ်ကိုပိတ်လို့မရဘူးနော်
အိမ်ရောက်ရင်...မနားဘဲ..အားလုံးကိုလိုက်ပြောရမလားဆိုတော့...တော်တော့..နင်ဘာ
သောက်မလဲတဲ့...ကျွန်မလည်း..ဒီဆိုင်မှာဈေးအကြီးဆုံးအအေးကိုလိုက်ရှာတော့...
နယ်ဆိုင်လေးဖြစ်တော့..အစုံမရှိရှာဘူး...င်္ဒီတော့စတော်ဘယ်ရီဗူးရည်ကိုပဲ..နို့ဆီနဲ့ဖျော်ခိုင်းမိတယ်
ဒါလေးသောက်ပြီးတော့..ကားထွက်တော့မယ်ဆိုတော့..ကားပေါ်ပြန်တက်တော့..ကျွန်မစိတ်မှာ...
ကားစီးရမှာ..ကြောက်သလိုလိုဖြစ်လာတယ်...ဒီလိုနဲ့ပဲ...ဘယ်လောက်မှမစီးရသေးဘူး..
လာတုန်းကအတိုင်းပြန်ဖြစ်ပြီး...စတော်ဘယ်ရီဖျော်ရည်က..ပထမဆုံးထွက်လာတော့တာပဲ...
ရေစိမ်ရင်းနင်းကန်စားထားတဲ့...ဟာတွေကဆက်ဆက်တိုက်ပေါ့...တစ်ကားလုံးပွဲကျနေအောင်
ရယ်စရာဖြစ်သွားရော...အိမ်လည်းရောက်ရော..ခေါင်းမဖော်နိုင်တော့ဘူး...
နေမကောင်းဖြစ်တော့...မနက်ဖြန်ကျူရှင်မတက်နိုင်တော့ဘူးပေါ့....ကျူရှင်မှာတော့
ကျွန်မအကြောင်း..ကျွန်မ..မရှိတုန်းဘယ်လောက်ပြောထားလဲတော့မသိဘူး...
နောက်ရက်ကျွန်မကျူရှင်ရောက်တော့..ဆရာကမျက်နှာသိမ်မကောင်းရှာဘူး...
ဆရာကမေးတယ်...သမီးကားစီးရင်ဒီလို့ပဲမူးတတ်လားတဲ့..ဟုတ်ကဲ့လို့..ဒီလိုဟိုင်း
ဝေးမျိုးလည်း...အခုမှစီးဖူးတယ်လို့..ဒီတော့ဆရာက..ထပ်မေးတယ်..
သမီး..ရန်ကုန်ရောက်ဖူးလားတဲ့...ဟင့်အင်း..တစ်ခါမှမရောက်ဖူးလို့..ဒါဆို..သမီး
လေယာဉ်မစီးဖူးပေါ့...ဟင့်အင်း..မစီးဖူးလို့...ဆရာခမျာ...အမယ်လေးဆိုပြီး
ထိပ်ရိုက်တော့..ကျွန်မကကြောင်သွားတယ်..အမယ်လေး..အမယ်လေး...
တော်သေးလို့...ငါအရှက်မကွဲတာတဲ့...နင်ဒီလိုပုံစံနဲ့..ဘယ်လိုလုပ်ပြီး..
လေယာဉ်မယ်လုပ်မလဲတဲ့...ငါမှာလျှောက်လွှာတွေယူလာပြီးပြီတဲ့...ဟီး..
တစ်ဝိုင်းလုံး..၀ိုင်းရယ်ကြတာ..စာတောင်မသင်ရတော့ဘူး...ကျွန်မကလည်း...
အိုး..မှန်သားပဲ..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့...သြော်..ငါနှယ်နော်..ကိုယ့်အခြေအနေ
ကိုယ်မသိပါလားနော်လို့...ဒီလိုနဲ့ပဲ..ကျွန်မခမျာ...လျှောက်လွှာလေးတောင်မမြင်လိုက်ရဘူး
လေ...ဟီး..ဟီး..ဒါကတော့..ကျွန်မရဲ့..လေယာဉ်မယ်ဖြစ်ဖို့မသင့်ကြောင်း...
သတိပေးခရီးစဉ်လေးမို့...အမှတ်တရရှိသွားပါတယ်ရှင့်...
ချယ်ရီချို