Sunday, August 24, 2008

မင်္ဂလာပါရှင့်
ကျွန်မချယ်ရီချိုပို့စ်အသစ်လေးများတင်ထားပါတယ်ရှင့်...ကျွန်မရဲ့သူငယ်ချင်း
ဘလော့ကာများ..အားပေးသူများ..အွန်လိုင်းပေါ်မှာတွေ့ရင်ခေါ်ပါ..ပြောပါနူတ်ဆက်ပါလို့...
ဒီကခပ်ချောချောလေး...ကျွန်မ(ချယ်ရီချို)ကခင်မင်စွာ..ကြိုဆိုနေပါကြောင်း
ချယ်ရီချို

Saturday, August 23, 2008

သူဆိုတဲ့....ကျွန်မ

ကိုးရီးယားစကတ်တဲ့...
ရှေ့နောက်မှားမိပြီး...
စတိုင်ထုတ်မိတာလည်း....
သူပါပဲ....
ဒေါက်ဖိနပ်အမြင့်စီး
အိုင်တင်တွေထုတ်ရင်း
လမ်းမှာ...ဖိနပ်မပြတ်
အောက်ကဒေါက်လေး..ပြုတ်လို့
အနမ့်တစ်ဖက်..အမြင့်တစ်ဖက်နဲ့
ဟာသ..တွင်စေတာလည်း....
သူပါပဲ..
နေပူပြင်မှာ.ဆိုင်ကယ်စီး
အသားမဲမှာစိုးလို့..
ထီးကလေးဖွင့်ဆောင်းမိ
လေထီးခုန်သလိုမျိုးနဲ့
ဆိုင်ကယ်ပေါ်ကလွှင့်ကျန်ကာ
စကတ်လေး..ခေါင်းပေါ်မှာခြုံကာ
ဆိုင်တန်းများရှေ့..
မီးမီးလေး..ရှက်ရှက်ဖြစ်တာလည်း
သူပါပဲသေးလေ...
လမ်းလျှောက်ရင်း...
ပါးစပ်ကမုန့်က..ပြတ်တယ်မရှိ
အငေးလွန်ပြီး...ဓာတ်မီးတိုင်နဲ့
အကြိမ်ကြိမ်ဝင်တိုးမိတာလည်း....
သူပဲသေး...
အသစ်အဆန်းများ...
ကြိုက်မှကြိုက်တဲ့...
ဘယ်နေရာမှာ..ဆိုင်အသစ်ဖွင့်
သူရောက်ပြီးပြီ....
ဆိုင်အနေအထားသူသိပြီးသား
ဗေဒင်ဆိုလည်း...
မသိတဲ့နေရာသူမှာမရှိ
လမ်းထွက်ရင်..ပါးစပ်က
ပိတ်လို့မရ..တွေ့တဲ့လူတိုင်း
ပြုံးပြနူတ်ဆက်နေရတဲ့
သူခမျှာ...
ကျောင်းတက်တဲ့အချိန်မှာလည်း....
ကောင်လေးတွေဝိုင်းဝိုင်းလည်
သဘောကျ..ချစ်ကြိုက်လို့တော့
ယောင်မှားပြီးမထင်လိုက်လေနဲ့
အလှစာရွှက်ကိုယ်စီနဲ့...
ရည်းစားစာလာလာရေးခိုင်းလို့
အားတယ်တယ်ဆိုမရှိ...
ဒါကိုပဲ..သူက
ကုသိုလ်လည်းရ..၀မ်းလည်းဝတဲ့
လက်ထဲမှာပိုက်ဆံသာမရှိတာ
သူများကျွေးထားတာတွေနဲ့
သူစားနေရတာ..အကောင်းစားကြီးပဲ
မသိသူများက...သူဌေးသမီးတဲ့
အလှူပွဲများ..ယောင်ပြီးမဖိတ်လေနဲ့
မအားအားအောင်..
သွားတတ်တာလည်း..သူပါပဲ
သူငယ်ချင်းများမွေးနေ့တဲ့
မဖိတ်လေနဲ့.အရင်းရှုံးတာချည်းပဲ
သူပေးနေကျမွေးနေ့လက်ဆောင်က....
ဟီး.ဟီး..ကွန်ပျူတာနဲ့..
စိတ်တိုင်းကျတိုင်လုပ်ပြီး...
ယူလာမယ်..မွေးနေ့ကတ်ပဲ
ဒါကသူရဲ့ပင်တိုင်စတိုင်..
သူ..သူနဲ့..ဘယ်သူများလဲ
မစဉ်းစားမနေပါနဲ့...
သူက..စာရေးသူ..ကျွန်မ (ချယ်ရီချို)

cherrycho
အထင်ကြီးပါဘိ...ချစ်သူ
ချစ်သူရေ....
နင်ရဲ့..ထင်မြင်ချက်လား
အကြောင်းပြချက်လား....
ငါမသိတော့ဘူးကွယ်....
ငါ့အတွက်တော့...လေ
ငိုအားထက်..ရယ်အားသန်
ဘာတဲ့လဲ...
ငါကအရင်တစ်ယောက်နဲ့...
ပြန်တွဲလို့ဆိုလား...
သြော်..ချစ်သူရယ်
အထင်ကြီးပါဘိ...
ငါ့မှာ..နင်ကလွဲလို့
ကြည့်သမားလေးတောင်မရှိတာ
အရင်တစ်ယောက်ဆိုလည်း
ဘယ်သူများလဲမသိ...
များလို့မဟုတ်ဘူး..ချစ်သူ
ရှိကိုမရှိခဲ့တာလေ...
ရှားရှားပါးပါးနင်တစ်ယောက်ပဲ
ငါ့ကိုကြိုက်မယ့်သူရှိတာ
အခြားသူအထင်မကြီးဘဲ....
ငါသိပ်ချစ်ရတဲ့.ချစ်သူ
နင်ကိုယ်တိုင်က..
အထင်ကြီးနေမှတော့
ငါမဖြေရှင်းတော့ဘူး
အထင်ကြီးရတာနဲ့တန်အောင်
နင်ဆက်ပြီး..ဒီလိုပဲ...
အထင်ကြီးပေးပါ..ချစ်သူ
ငါ..ကျေနပ်လွန်းလို့ပါ
ချယ်ရီချို
မျှော်တော်ယောင်..

မျှော်သာမျှော်..ပေါ်မလာသူ
တမ်းတသူက...အမှတ်မရှိတဲ့
ကျွန်မ..
အဖြေတစ်ခုကိုသိနေသား
မကောင်းတာကြီးကိုပဲ..
စောင့်မျှော်နေတဲ့သူ
လောကရဲ့..ခပ်ညံ့ညံ့ထဲမှာ...
အမှန်တကယ်..ကိုယ်ပဲပါနေပြီလား
ချစ်သူရဲ့မွေးနေ့တဲ့...
နှစ်စဉ်နှစ်တိုင်း...
လက်ချိုးပြီးရေလိုက်တာ..
လက်ဆောင်လေးဝယ်...
မွေးနေ့ဆုတောင်းစကားလေး
စိတ်ကူးလေးထဲမှာပြော
ဒီနေ့ကိုလည်းရောက်
ထုံးစံအတိုင်း...
စိတ်ကူးထားခြင်းများ..ပျောက်
သိပြီးသားမို့..မထူးခြားတော့ပါဘူး
အခုငါမွေးနေ့ခါပြန်ရောက်
နင်ရဲ့ဆုေ>ခစကား..
ငါမျှော်နေမိပြန်...
ဒီတစ်ခါတော့..အရင်ကလိုမျိုး
အလိုက်မသိနဲ့..ဆုေ>ခစကား..
ငါအတင်းပြောခိုင်းလို့
နင်ရဲ့ရင်ထဲကမပါ
ဟန်ဆောင်လုပ်ပြုံး..စကားများလည်း
ငါမယူတော့ပါဘူး...
တကယ်တမ်းတော့..အရင်ကလို
နင်ရင်ထဲကမပါတဲ့..
ဆုတောင်းစကားလုံးလေးများကိုတောင်
ငါဆက်လက်မျှော်လင့်ပြီး...
စောင့်နေချင်သူပါ...ချစ်သူ
ချယ်ရီချို
Reason..ပေးပါချစ်သူ

ချစ်သူ
ရင်မှာနင့်နင့်ကြီး..
ထာဝရမျှော်..တွေးးး
ပြင်ဆင်ခွင့်လေးတောင်...
မရှိတော့ပြီလား..ချစ်သူ
ဘာပဲဖြစ်ဖြစ်....ပေါ့
နင်ထားခဲ့မယ်ဆိုလည်း...
ငါဖြေသိမ့်ဖို့..လေးများ
အကြောင်းပြချက်တစ်ခုခု
ပေးထားခဲ့သင့်တယ်လေ...
အခုတော့ငါမှာ...
ဘာကြောင့်များလဲဆိုတဲ့...
မေးခွန်းများအထပ်ထပ်....
ဖြေဆယ်ဖို့ရာ...မရှိ
ရှားပါးလှတဲ့..တို့နှစ်ယောက်
အမှတ်တရလေးများ...
သတိရလို့မှ..မပြီးနိုင်
ဘယ်နှယ်လုပ်ရပါ့..ချစ်သူ
ငါ့ကိုနည်းနည်းလေးပဲသနား...
ပြီးရင်...
ငါဖြေသိမ့်နိုင်ဖို့လေး
Reason..လေးတစ်ခုတော့
ပေးလိုက်ပါတော့လား..ချစ်သူရယ်
ချယ်ရီချို

Sunday, August 10, 2008

ကိုယ်ချည်းပါပဲ..သခင်ရယ်
သခင်
အမှတ်တရဆိုတာ
ဘယ်ကများပေါ်ပေါက်
အချစ်ဆိုတာကြီးက
ဘယ်သူဖန်ဆင်း
အချစ်ဘေးနားက
အမုန်းကြီးလည်း
ဘယ်လိုကြောင့်လဲ
မေတ္တာတရားက
ဘယ်လိုစာဖွဲ့မလဲ
ထပ်လာပြန်တယ်
ခင်မင်မူတဲ့...
ဘယ်ကများပေါ်လာ
စဉ်းစား...စဉ်းစားးးးးးးရင်း
တွေးရင်း..တွေးးးးး
သြော်..သခင်ရယ်
ဒါတွေအားလုံး
ကျွန်မကိုယ်တိုင်...
လုပ်ဆောင်ခဲ့တာချည်းပါ
သခင်
အရာအားလုံးကို..ဖန်တီး
ကျွန်မကိုယ်တိုင်လုပ်ဆောင်
ဖြစ်ပေါ်လာသော...
အချစ်..အမုန်း..များ
ကျွန်မကိုယ်တိုင်ခံစား..
ဒါကပဲ..လောကကြီးရဲ့
သဘောတရားကြီးတဲ့ ..သခင်
ချယ်ရီချို
ဝန်ခံလိုက်စမ်းပါ
ချစ်သူ..................
ဟန်ဆောင်များစွာနဲ့
ရင်ထဲကဆန္ဒမပါ
အဆင်ပြေလား...
ဆိုတဲ့မေးခွန်းများ
ဘာလို့များဟန်ဆောင်
မေခွန်းထုတ်နေသေးလဲ
ပြီးဆုံးသွားကြောင်း
ဝန်ခံဖို့သတ္တိက..
နင်မှာမရှိတာလား
ဒါမှမဟုတ်...
ငါအတွက်သိက္ခာဆယ်ပေးတာလား
ချစ်သူ...
ငါသိက္ခာအတွက်မထင်ဘူး
နင်အတွက်ပဲဖြစ်မယ်..
အချစ်ကြီးကြီးနဲ့...
အမုန်းကြီးများလည်းရခဲ့ပြီမို့
နင်နဲ့ငါပြီးဆုံးကြောင်း
နင်ဘက်ကမပြတ်သား...
ဝန်ခံမူကနှောင်နှေးသမျှ
ငါကတော့....
မိန်းမဆိုးကြီးဖြစ်နေတော့မယ်
ချယ်ရီချို
ကျွန်မရဲ့သူငယ်ချင်းများ

ခင်မင်မူအသိအမှတ်ပြု
နှစ်လိုစွာပြုံးပြမိ...
သူစိတ်နဲ့များမတိုက်ဆိုင်ခါ
မဲ့ပြတယ်လို့ထင်တတ်တဲ့
ကျွန်မသူငယ်ချင်း...ဇာခြည်
ဖြူဖြူကျော်သိန်းနဲ့သူလားငါလား
စတိုင်ထုတ်တတ်တဲ့...
အုပ်စုကိုကျော်ကြားစေသူ
ကျွန်မသူငယ်ချင်း...ခင်ဝင်း
ခန္ဓာကိုယ်နဲ့အလိုက်
တစ်ခါစားရင်..သုံးပန်းကန်
ထစ်ကနဲဆို...စိတ်ကတို
မျက်စူပုပ်ခြင်းက..သူ့စတိုင်
၀၀ကစ်ကစ်နဲ့ချစ်စရာကောင်းတဲ့
ကျွန်မသူငယ်ချင်း..မီမီ
မျက်လုံးလေးတလက်လက်
မာနကြီးသလိုလို...
အတည်ပေါက်နဲ့အစသန်သူ
မေဂျာမှာဘယ်သူအလှဆုံးမေး
သူကိုယ်သူလက်ညိုးပြတတ်တဲ့
ကျွန်မသူငယ်ချင်း..နွေး
ကိုးရီးဇတ်လမ်းဆို....
သူမကြည့်ဖူးတာမရှိ
ချစ်ခန်းကြိုက်ခန်းပြော
သူထိပ်ဆုံးက...
ခေါင်းစွပ်ဆွယ်တာလေးများဝတ်
မူလတန်းစာအုပ်ထဲက...
အက်စကီမိုးလိုမျိုးနဲ့
ကျွန်မသူငယ်ချင်း..ချိုနွယ်
နူတ်ခမ်းကထော်ထော်
ရန်လိုရာတွင်ပထမ..
စကားနိုင်လုရာမှာများ
သူ့ကိုနိုင်သူမရှိတဲ့...
ကျွန်မသူငယ်ချင်း..မီးထွေး
ဗေဒင်ဟုကြားရရုံနဲ့...
သူမရောက်ဖူးတာတစ်ခုမှမရှိ
ရည်းစားတစ်ယောက်ရ..တစ်ယောက်
ယတြာချေလိုက်တာလည်းအမော
ကလေးလိုလို..ဘာလိုလိုနဲ့
ပြသနာများရှာလာကာ...
သူငယ်ချင်းများကိုလူမိုက်ဌါးတဲ့
ကျွန်မသူငယ်ချင်း..ချိုဝင်း
တစ်လလုံးနေအ၀တ်အစားများ
ထပ်တယ်ဆိုမရှိလောက်အောင်
စတိုင်အမျိုးမျိုးထုတ်နိုင်တဲ့
အုပ်စုကြီးရဲ့ပင်တိုင်မော်ဒယ်
ကျွန်မသူငယ်ချင်း..ဇင်ဇင်
ရပ်ကွက်သတင်းပေါင်းစုံ
အတင်းများရဲ့အင်တာနက်
အမှန်ဆိုလို့ဆယ်ခါမှတစ်ခါ
အာပေါင်အာရင်းနဲ့အငြင်းသန်သူ
ကျွန်မသူငယ်ချင်း..သင်းစု
လမ်းလျှောက်ရင်းခေါင်းကတမော့မော့
မာနကြီးသလား..ဟင့်အင်း
မွေးရာပါစတိုင်တဲ့
ထစ်ကနဲဆို..ဆိုင်ကယ်မှောက်
ဘယ်သူလဲလို့သွားကြည့်...
တစ်ဦးတည်းသောခြေပျံမယ်
ကျွန်မသူငယ်ချင်း...ဧပြီတူး
သူငယ်ချင်းများကြား
စကားအပြောအကောင်းဆုံး
သူလိုငါလိုနေရင်း..နဲ့
တစ်ကွက်ကျော်ပြီး..လှည့်စား
ဒီလိုလုပ်မှ..ထမင်းစားဝင်တယ်ဆိုတဲ့
ကျွန်မသူငယ်ချင်း..ငယ်လေး
ရှိသမျှသူငယ်ချင်းများလည်းကုန်
ဖတ်ရှုအားပေးသူများတို့
စိတ်သဘောကျများတွေ့...
colorlesscherry@gmail.com
ဆက်သွယ်အကြောင်းကြား
ကျွန်မ..ချယ်ရီချိုက
မြားနတ်မ..လုပ်ပေးမှာဖြစ်ကြာင်း
ချယ်ရီချို