Saturday, August 23, 2008

မျှော်တော်ယောင်..

မျှော်သာမျှော်..ပေါ်မလာသူ
တမ်းတသူက...အမှတ်မရှိတဲ့
ကျွန်မ..
အဖြေတစ်ခုကိုသိနေသား
မကောင်းတာကြီးကိုပဲ..
စောင့်မျှော်နေတဲ့သူ
လောကရဲ့..ခပ်ညံ့ညံ့ထဲမှာ...
အမှန်တကယ်..ကိုယ်ပဲပါနေပြီလား
ချစ်သူရဲ့မွေးနေ့တဲ့...
နှစ်စဉ်နှစ်တိုင်း...
လက်ချိုးပြီးရေလိုက်တာ..
လက်ဆောင်လေးဝယ်...
မွေးနေ့ဆုတောင်းစကားလေး
စိတ်ကူးလေးထဲမှာပြော
ဒီနေ့ကိုလည်းရောက်
ထုံးစံအတိုင်း...
စိတ်ကူးထားခြင်းများ..ပျောက်
သိပြီးသားမို့..မထူးခြားတော့ပါဘူး
အခုငါမွေးနေ့ခါပြန်ရောက်
နင်ရဲ့ဆုေ>ခစကား..
ငါမျှော်နေမိပြန်...
ဒီတစ်ခါတော့..အရင်ကလိုမျိုး
အလိုက်မသိနဲ့..ဆုေ>ခစကား..
ငါအတင်းပြောခိုင်းလို့
နင်ရဲ့ရင်ထဲကမပါ
ဟန်ဆောင်လုပ်ပြုံး..စကားများလည်း
ငါမယူတော့ပါဘူး...
တကယ်တမ်းတော့..အရင်ကလို
နင်ရင်ထဲကမပါတဲ့..
ဆုတောင်းစကားလုံးလေးများကိုတောင်
ငါဆက်လက်မျှော်လင့်ပြီး...
စောင့်နေချင်သူပါ...ချစ်သူ
ချယ်ရီချို

No comments: