Saturday, August 23, 2008

အထင်ကြီးပါဘိ...ချစ်သူ
ချစ်သူရေ....
နင်ရဲ့..ထင်မြင်ချက်လား
အကြောင်းပြချက်လား....
ငါမသိတော့ဘူးကွယ်....
ငါ့အတွက်တော့...လေ
ငိုအားထက်..ရယ်အားသန်
ဘာတဲ့လဲ...
ငါကအရင်တစ်ယောက်နဲ့...
ပြန်တွဲလို့ဆိုလား...
သြော်..ချစ်သူရယ်
အထင်ကြီးပါဘိ...
ငါ့မှာ..နင်ကလွဲလို့
ကြည့်သမားလေးတောင်မရှိတာ
အရင်တစ်ယောက်ဆိုလည်း
ဘယ်သူများလဲမသိ...
များလို့မဟုတ်ဘူး..ချစ်သူ
ရှိကိုမရှိခဲ့တာလေ...
ရှားရှားပါးပါးနင်တစ်ယောက်ပဲ
ငါ့ကိုကြိုက်မယ့်သူရှိတာ
အခြားသူအထင်မကြီးဘဲ....
ငါသိပ်ချစ်ရတဲ့.ချစ်သူ
နင်ကိုယ်တိုင်က..
အထင်ကြီးနေမှတော့
ငါမဖြေရှင်းတော့ဘူး
အထင်ကြီးရတာနဲ့တန်အောင်
နင်ဆက်ပြီး..ဒီလိုပဲ...
အထင်ကြီးပေးပါ..ချစ်သူ
ငါ..ကျေနပ်လွန်းလို့ပါ
ချယ်ရီချို

No comments: