Sunday, August 10, 2008

ကျွန်မရဲ့သူငယ်ချင်းများ

ခင်မင်မူအသိအမှတ်ပြု
နှစ်လိုစွာပြုံးပြမိ...
သူစိတ်နဲ့များမတိုက်ဆိုင်ခါ
မဲ့ပြတယ်လို့ထင်တတ်တဲ့
ကျွန်မသူငယ်ချင်း...ဇာခြည်
ဖြူဖြူကျော်သိန်းနဲ့သူလားငါလား
စတိုင်ထုတ်တတ်တဲ့...
အုပ်စုကိုကျော်ကြားစေသူ
ကျွန်မသူငယ်ချင်း...ခင်ဝင်း
ခန္ဓာကိုယ်နဲ့အလိုက်
တစ်ခါစားရင်..သုံးပန်းကန်
ထစ်ကနဲဆို...စိတ်ကတို
မျက်စူပုပ်ခြင်းက..သူ့စတိုင်
၀၀ကစ်ကစ်နဲ့ချစ်စရာကောင်းတဲ့
ကျွန်မသူငယ်ချင်း..မီမီ
မျက်လုံးလေးတလက်လက်
မာနကြီးသလိုလို...
အတည်ပေါက်နဲ့အစသန်သူ
မေဂျာမှာဘယ်သူအလှဆုံးမေး
သူကိုယ်သူလက်ညိုးပြတတ်တဲ့
ကျွန်မသူငယ်ချင်း..နွေး
ကိုးရီးဇတ်လမ်းဆို....
သူမကြည့်ဖူးတာမရှိ
ချစ်ခန်းကြိုက်ခန်းပြော
သူထိပ်ဆုံးက...
ခေါင်းစွပ်ဆွယ်တာလေးများဝတ်
မူလတန်းစာအုပ်ထဲက...
အက်စကီမိုးလိုမျိုးနဲ့
ကျွန်မသူငယ်ချင်း..ချိုနွယ်
နူတ်ခမ်းကထော်ထော်
ရန်လိုရာတွင်ပထမ..
စကားနိုင်လုရာမှာများ
သူ့ကိုနိုင်သူမရှိတဲ့...
ကျွန်မသူငယ်ချင်း..မီးထွေး
ဗေဒင်ဟုကြားရရုံနဲ့...
သူမရောက်ဖူးတာတစ်ခုမှမရှိ
ရည်းစားတစ်ယောက်ရ..တစ်ယောက်
ယတြာချေလိုက်တာလည်းအမော
ကလေးလိုလို..ဘာလိုလိုနဲ့
ပြသနာများရှာလာကာ...
သူငယ်ချင်းများကိုလူမိုက်ဌါးတဲ့
ကျွန်မသူငယ်ချင်း..ချိုဝင်း
တစ်လလုံးနေအ၀တ်အစားများ
ထပ်တယ်ဆိုမရှိလောက်အောင်
စတိုင်အမျိုးမျိုးထုတ်နိုင်တဲ့
အုပ်စုကြီးရဲ့ပင်တိုင်မော်ဒယ်
ကျွန်မသူငယ်ချင်း..ဇင်ဇင်
ရပ်ကွက်သတင်းပေါင်းစုံ
အတင်းများရဲ့အင်တာနက်
အမှန်ဆိုလို့ဆယ်ခါမှတစ်ခါ
အာပေါင်အာရင်းနဲ့အငြင်းသန်သူ
ကျွန်မသူငယ်ချင်း..သင်းစု
လမ်းလျှောက်ရင်းခေါင်းကတမော့မော့
မာနကြီးသလား..ဟင့်အင်း
မွေးရာပါစတိုင်တဲ့
ထစ်ကနဲဆို..ဆိုင်ကယ်မှောက်
ဘယ်သူလဲလို့သွားကြည့်...
တစ်ဦးတည်းသောခြေပျံမယ်
ကျွန်မသူငယ်ချင်း...ဧပြီတူး
သူငယ်ချင်းများကြား
စကားအပြောအကောင်းဆုံး
သူလိုငါလိုနေရင်း..နဲ့
တစ်ကွက်ကျော်ပြီး..လှည့်စား
ဒီလိုလုပ်မှ..ထမင်းစားဝင်တယ်ဆိုတဲ့
ကျွန်မသူငယ်ချင်း..ငယ်လေး
ရှိသမျှသူငယ်ချင်းများလည်းကုန်
ဖတ်ရှုအားပေးသူများတို့
စိတ်သဘောကျများတွေ့...
colorlesscherry@gmail.com
ဆက်သွယ်အကြောင်းကြား
ကျွန်မ..ချယ်ရီချိုက
မြားနတ်မ..လုပ်ပေးမှာဖြစ်ကြာင်း
ချယ်ရီချို

No comments: