Saturday, May 31, 2008

သူငယ်ချင်းမိတ်ဆွေတို့ရေ....ချယ်ရီချိုဆို့တဲ့...ကျွန်မကလေ..
တစ်ခါတစ်လေတော့...လောကမှာ..ကျွန်မလောက်ပျော်တဲ့သူ
မရှိနိုင်လောက်ဘူးလို့ထင်ရလောက်အောင်ကို...ပျော်နေတတ်ပါတယ်..
တစ်ခါတစ်လေတော့လည်း...စိတ်ပင်ပန်းမှုတွေများ...သောကကြုံတဲ့အခါ
မျက်ရည်လည်းကျခွင့်မရတဲ့အနေအထားမျိုး...ပစ္စည်းများအပေါ်ပုံချပြီး
ပေါက်ကွဲလို့လည်းမရတဲ့..အခါမျိုးမှာ...ကျွန်မဘယ်လိုမှမနေတတ်ဘူးရှင့်
အပြုံးကိုဖန်တီး..ဟန်ဆောင်လုပ်ပြုံးနေရတဲ့..ကျွန်မကိုယ်ကျွန်မ
အရမ်းမုန်းမိတယ်...အမြဲတမ်းစိတ်သောကမရှိအောင်..ကျွန်မကြိုးစား
ပြီး..ကျွန်မနေနေပါတယ်...ရုပ်ရှင်ကြည့်တာတောင်..စိတ်ပင်ပန်းရမယ့်
သည်းထိတ်ရင်ဖိုဇတ်လမ်းမျိုး..ယောင်ပြီးတောင်မကြည့်ဘူး..
ဟာသကားများထိပ်ဆုံးက...ရယ်စရာစာအုပ်များထိပ်ဆုံးက
သူငယ်ချင်းများကြားမှာ...ရယ်စရာအပြောတတ်ဆုံးကျွန်မလေ
ဒီလိုစိတ်ပင်ပန်းမှုမျိုး..အင်မတန်ကိုကြောက်ပါတယ်...
ကျွန်မအခု...လုပ်ငန်းခွင်ဝင်နေတဲ့သူဖြစ်လာလေ..ပိုပိုပြီးတော့
ရင်ဆိုင်လာရတော့မယ်...ကျောင်းသူဘ၀တုန်းကလိုမျိုး..
ခဏလေးနဲ့..ပျော်စရာဟာသလုပ်ပြီး..ဖြေဖျောက်လို့လည်းမရ
ကျွန်မဘယ်လိုရင်ဆိုင်ရပါ့မလဲ...ရှေ့ဆက်ရမယ့်ဘ၀ခရီးလမ်များအတွက်
ကျွန်မရဲ့...အားကိုးရသော..ဘလော့မိတ်ဆွေများရေ...
အကြံကောင်းများနှင့်...နည်းလမ်းကောင်းများကို..
လမ်းညွန်ဆုံးမပေးကြပါဦးလို့......

No comments: