Sunday, June 8, 2008

မှတ်ယူခြင်းကအရောင်မဲ့

တစ်ချိန်က....
ဝေးကွာမယ်လို့လည်း..မထင်
အပြစ်ဆိုတာလည်း..မရှိ
သစ္စာ..တဲ့
တည်မြဲခြင်းလို့ပဲ..မှတ်ယူ
လောကမှာ...
လူကောင်းဆိုလို့
ချစ်သူတစ်ယောက်သာ
မှတ်ယူ.........
သြော်..ချစ်သူ
အရာအားလုံး..ယုံကြည်
နင်မရှိရင်..မဖြစ်
ချစ်သူတစ်ယောက်သာ..စတဲ့
ဒီလိုခေါင်းစဉ်တွေတပ်
ဦးမော့နေမိခါမှ......
နင်သင်ပေးသမျှအားလုံး
ငါမှတ်ယူခဲ့တာတွေ...
နင်ပဲ..အားလုံး
ပြောင်းပြန်လှန်ခါမှ
ငါ့နှလုံးသား..
သွေးစိမ်းရှင်ရှင်..ဖြတ်လူး
ခံစားစရာ..မရှိအောင်
နာကျင်ခဲ့ရပြီမို့....
အမုန်းလို့...မှတ်ယူရင်း
ငါ့နှလုံးသား..သွေးများပျောက်
အရောင်မဲ့ပြီ..ချစ်သူ
ချယ်ရီချို

No comments: