Thursday, April 17, 2008

ရင်ထဲက..ချစ်သူ

အတ္တစိတ်တွေကို
ချိုးနိမ့်လို့ထား...
ရင်ထဲက..အချစ်
အပြင်ထွက်ရင်လေ
အတ္တရောင်လေးများစွန်းပေ..
အစွန်းလေးမဖျက်နိုင်ရင်
နားလည်မှုလေးများ..
ကွဲလွဲသွားရင်ဖြင့်
ရင်ထဲကတည်ဆောက်တဲ့
ချစ်ခရီးလမ်းများ....
အပြစ်ကိုယ်စီပုံချရင်း
ပြီးဆုံးသွားတတ်သတဲ့
ဒါတွေကို...
ရင်ဆိုင်ဖို့သတ္တိမရှိတဲ့..ငါ..
လူထဲကလူတစ်ယောက်မို့....
အတ္တရောင်လေး
ငါ့ဆိုတဲ့မိန်းကလေးမှာလည်း
ရှိနေပြန်သေးတော့....
ရင်ထဲကအချစ်များစွာ...
ရင်ထဲမှာထာဝရသိမ်းထားရင်း
အပြစ်ကင်းစွာဖြင့်..
ရှေ့ဆက်ပါရစေ..ချစ်သူ..
ချယ်ရီချို

1 comment:

ပန်းခရေ said...

ရှေ့ဆက်ရမှာပေါ့
ကဗျာလေးကသိပ်ကောင်းတာပဲ
ဆက်ရေးပါ..အားပေးနေပါတယ်
အဆင်ပြေပါစေ..