Wednesday, December 3, 2008

ရပ်တည်ချက်ကိုယ်စီနဲ့

ချစ်သူ

မပျော်ဘူးလားဆိုတဲ့

မေးခွန်းများ....

ငါ့မှာဖြေဖို့ရာက..မရှိ

နင်လုပ်ဆောင်တာ..အားလုံး

ငါအတွက်..၀မ်းနည်းစရာချည်း

တစ်ခါတစ်လေတော့လည်း...

နင်မရှိတာ.....

ငါ့အတွက်ကောင်းသား

ငါ့အတွက်..ငါကိုယ်တိုင်

အရာအားလုံးလုပ်ဆောင်နိုင်ခဲ့

နင်သာငါ့ဘေးရှိနေရင်

အရာအားလုံးနင်ရှိမှ...

နင်လေုပ်ဆောင်မှသာ...

ဆိုတဲ့..နင်ကသာ..ငါ့သခင်

အခုတော့လည်း...

နင်မရှိမှ...

အရာအားလုံးဟာ...

ငါလုပ်ဆောင်မှသာ

ဆိုတဲ့..ငါ့ကိုမော့ကြည့်နေသူကရှိ

သြော်...ငါ့နှယ်နော်

ရိုက်ခတ်လာတဲ့လောကဓံ

အခုလည်း..ခံပေဦးပေါ့

ဒါကမှ..ငါ့ဘ၀အစစ်အမှန်

နောက်ဆို...

ဝေးကွားသွားခြင်းက...

ကံကောင်းခြင်းလို့..မှတ်ယူ

ချစ်သူ....

နင်လည်း..ရောက်ရာအရပ်မှာ

ပျော်မွေ့စွာ..ကျင်လည်

ချယ်ရီချို

No comments: