အားလုံးမင်္ဂလာပါရှင့်
ချယ်ရီချို...စနေနှင့်တနင်္ဂနွေလေးများ...မအား..အားအောင်
ကြိုးစားပြီးလာခဲ့ကာမှ...လိုင်းကမကောင်း...စက်မအားရတာနဲ့...ရသမျှအချိန်လေး
ကုန်ကုန်သွားတာပဲ...မတတ်တာကလည်းများ...မသိတာဆိုများ..ပြောလို့မကောင်း
လေ့လာစရာတွေမပြတ်တဲ့...ဤလောကကြီးနော်...လိုက်မမီနိုင်တဲ့ကျွန်မကပဲ..
ထုံပြီးရင်းထုံ...ဒီလိုပဲလားများမသိ..အိုး.......ပိုက်ဆံများရှိလို့ကတော့...
အင်တာနက်ဝယ်ပြီး..နေလိုက်ချင်တယ်လို့....ထက်ထက်မိုးဦးလိုမျိုးးးးး...
ဟီး..ကြေငြာဝင်ကြည့်ကြည်တယ်...သြော်..ကျွန်မနယ်နော်
ဘာတွေရေးမိနေပါလိမ့်...ကျွန်မမြို့လေးမှာ...အင်တာနက်လေးရှိလို့သာ...
ဒီလိုလေးတီးမိခေါက်မိရှိတာ...ကျေးဇူးတင်ရဦးမယ်လေ....
..သြော်..လူ့လိုအင်များ...အတောမသတ်နိုင်ပုံက
ခုတော့ဖြင့်..ပိုက်ဆံများရှိလို့ကတော့...ဆိုပြီး...ကျိန်းမိနေပြန်ပြီ....
အွန်လိုင်းပေါ်က...သူငယ်ချင်းကအပြစ်တင်တယ်...ဟေ့..ဘယ့်နှယ်
ချယ်ရီချိုရေ....နင်ပြောမှပဲ...အင်တာနက်သုံးတတ်အောင်..သင်တန်းဆိုတာ...
သီးသန့်ပိုက်ဆံပေးပြီး...သင်ရသေးတယ်လို့ကြားတယ်လို့..အပြစ်တင်တယ်...
ဒီကလည်း...အိုး..သင်တန်းမတက်ပဲ..ဘယ်သူကတတ်မလဲလို့ပြန်ပြောတော့
သူခမျာ...ကျွန်မကို...သနားသွားပုံရတယ်...ကျွတ်ကျွတ်နဲ့...သူကထပ်ပြီးမေးသေးတယ်..
ဘလော့ရေးတာလည်း...သင်တန်းရှိသေးလားတဲ့...ဟီး..ဒီကလည်း...
မှန်တိုင်းပဲ...သင်တန်းပေးမယ့်သူမရှိလို့လေ...လို့..ဟိုလေ..မေးလ်ပို့တာနဲ့..
ချဲတီထိုင်တာတွေပဲ...သင်တန်းရှိပါတယ်လို့...သူအတွက်ကျွန်မက..
သနားစရာဖြစ်နေပေမယ့်...ကျွန်မကတော့..ကျွန်မရဲ့မပြည့်စုံတဲ့ဘ၀အနေအထားနှင့်..
ကျွန်မရှင်သန်ကြီးထွားနေရာဒေသအလိုက်...ဘာလဲဆိုတာတော့သိပါတယ်လို့..
ပြောလို့မရတဲ့...ကျွန်မသိနေပါတယ်ဆိုတဲ့...သဲမှုန်လောက်အသိလေးများကိုပဲ...
ကျေနပ်နေမိကြောင်းနဲ့...ဤအသိလေးများရအောင်ပဲ...သင်ကြားပေးသော
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးနှင့်..သိသမျှရသမျှလေးတွေပြောပြပေး
ဖူးတဲ့..အွန်လိုင်းပေါ်က..အစ်ကို..အစ်မများနှင့်..သူငယ်ချင်းများအားလုံးကို....
ပီပြင်စွာ..ကျေးဇူးအထူးတင်ရှိပါကြောင်း....
ချယ်ရီချို
Sunday, June 8, 2008
မှတ်ယူခြင်းကအရောင်မဲ့
တစ်ချိန်က....
ဝေးကွာမယ်လို့လည်း..မထင်
အပြစ်ဆိုတာလည်း..မရှိ
သစ္စာ..တဲ့
တည်မြဲခြင်းလို့ပဲ..မှတ်ယူ
လောကမှာ...
လူကောင်းဆိုလို့
ချစ်သူတစ်ယောက်သာ
မှတ်ယူ.........
သြော်..ချစ်သူ
အရာအားလုံး..ယုံကြည်
နင်မရှိရင်..မဖြစ်
ချစ်သူတစ်ယောက်သာ..စတဲ့
ဒီလိုခေါင်းစဉ်တွေတပ်
ဦးမော့နေမိခါမှ......
နင်သင်ပေးသမျှအားလုံး
ငါမှတ်ယူခဲ့တာတွေ...
နင်ပဲ..အားလုံး
ပြောင်းပြန်လှန်ခါမှ
ငါ့နှလုံးသား..
သွေးစိမ်းရှင်ရှင်..ဖြတ်လူး
ခံစားစရာ..မရှိအောင်
နာကျင်ခဲ့ရပြီမို့....
အမုန်းလို့...မှတ်ယူရင်း
ငါ့နှလုံးသား..သွေးများပျောက်
အရောင်မဲ့ပြီ..ချစ်သူ
ချယ်ရီချို
တစ်ချိန်က....
ဝေးကွာမယ်လို့လည်း..မထင်
အပြစ်ဆိုတာလည်း..မရှိ
သစ္စာ..တဲ့
တည်မြဲခြင်းလို့ပဲ..မှတ်ယူ
လောကမှာ...
လူကောင်းဆိုလို့
ချစ်သူတစ်ယောက်သာ
မှတ်ယူ.........
သြော်..ချစ်သူ
အရာအားလုံး..ယုံကြည်
နင်မရှိရင်..မဖြစ်
ချစ်သူတစ်ယောက်သာ..စတဲ့
ဒီလိုခေါင်းစဉ်တွေတပ်
ဦးမော့နေမိခါမှ......
နင်သင်ပေးသမျှအားလုံး
ငါမှတ်ယူခဲ့တာတွေ...
နင်ပဲ..အားလုံး
ပြောင်းပြန်လှန်ခါမှ
ငါ့နှလုံးသား..
သွေးစိမ်းရှင်ရှင်..ဖြတ်လူး
ခံစားစရာ..မရှိအောင်
နာကျင်ခဲ့ရပြီမို့....
အမုန်းလို့...မှတ်ယူရင်း
ငါ့နှလုံးသား..သွေးများပျောက်
အရောင်မဲ့ပြီ..ချစ်သူ
ချယ်ရီချို
ချစ်တတ်ခြင်း
ချစ်သူ...
ငါဆီကို..ပြန်လာမယ်
ငါကိုချစ်နေဆဲ...ဆိုတဲ့
ငါ့ရဲ့..အတ္တများလည်း
ငါ..ခ၀ါချလိုက်မိ
တစ်ပါးရင်ခွင်မှာ...
ယစ်မူးပျော်နေတဲ့..
ချစ်သူကိုလည်း..
သ၀န်တိုမူတွေ..ပျောက်
သူ..ပျော်နိုင်ပါစေလို့
ငါကပဲ..ပြန်ဆုတောင်းမိ
မုန်းသွားတာလားဆိုလည်း.....
ဟင့်အင်း...
မုန်းခြင်းဆိုတဲ့...
ခံစားမူမျိုး..ငါမှာမရှိ
ချစ်သေးလားဆိုလည်း
အင်း..ချစ်တယ်
ဘာကြီးလည်းလို့..ထပ်မေး
ငါဖြေမယ်..ချစ်သူ
ရယူပိုင်ဆိုင်ခြင်းလည်း..ကင်း
မျှော်လင့်ခြင်းများလည်း..မရှိ
ငါဘ၀ကြီး..အေးချမ်း
အဖြူရောင်..မေတ္တာတရားသာ
ဆက်နွယ်ရစ်ပတ်သော...
ချစ်ခြင်းတရားများနဲ့သာ
ချစ်တတ်သွားတာပါ.....
ချယ်ရီချို
ချစ်သူ...
ငါဆီကို..ပြန်လာမယ်
ငါကိုချစ်နေဆဲ...ဆိုတဲ့
ငါ့ရဲ့..အတ္တများလည်း
ငါ..ခ၀ါချလိုက်မိ
တစ်ပါးရင်ခွင်မှာ...
ယစ်မူးပျော်နေတဲ့..
ချစ်သူကိုလည်း..
သ၀န်တိုမူတွေ..ပျောက်
သူ..ပျော်နိုင်ပါစေလို့
ငါကပဲ..ပြန်ဆုတောင်းမိ
မုန်းသွားတာလားဆိုလည်း.....
ဟင့်အင်း...
မုန်းခြင်းဆိုတဲ့...
ခံစားမူမျိုး..ငါမှာမရှိ
ချစ်သေးလားဆိုလည်း
အင်း..ချစ်တယ်
ဘာကြီးလည်းလို့..ထပ်မေး
ငါဖြေမယ်..ချစ်သူ
ရယူပိုင်ဆိုင်ခြင်းလည်း..ကင်း
မျှော်လင့်ခြင်းများလည်း..မရှိ
ငါဘ၀ကြီး..အေးချမ်း
အဖြူရောင်..မေတ္တာတရားသာ
ဆက်နွယ်ရစ်ပတ်သော...
ချစ်ခြင်းတရားများနဲ့သာ
ချစ်တတ်သွားတာပါ.....
ချယ်ရီချို
Saturday, May 31, 2008
သူငယ်ချင်းမိတ်ဆွေတို့ရေ....ချယ်ရီချိုဆို့တဲ့...ကျွန်မကလေ..
တစ်ခါတစ်လေတော့...လောကမှာ..ကျွန်မလောက်ပျော်တဲ့သူ
မရှိနိုင်လောက်ဘူးလို့ထင်ရလောက်အောင်ကို...ပျော်နေတတ်ပါတယ်..
တစ်ခါတစ်လေတော့လည်း...စိတ်ပင်ပန်းမှုတွေများ...သောကကြုံတဲ့အခါ
မျက်ရည်လည်းကျခွင့်မရတဲ့အနေအထားမျိုး...ပစ္စည်းများအပေါ်ပုံချပြီး
ပေါက်ကွဲလို့လည်းမရတဲ့..အခါမျိုးမှာ...ကျွန်မဘယ်လိုမှမနေတတ်ဘူးရှင့်
အပြုံးကိုဖန်တီး..ဟန်ဆောင်လုပ်ပြုံးနေရတဲ့..ကျွန်မကိုယ်ကျွန်မ
အရမ်းမုန်းမိတယ်...အမြဲတမ်းစိတ်သောကမရှိအောင်..ကျွန်မကြိုးစား
ပြီး..ကျွန်မနေနေပါတယ်...ရုပ်ရှင်ကြည့်တာတောင်..စိတ်ပင်ပန်းရမယ့်
သည်းထိတ်ရင်ဖိုဇတ်လမ်းမျိုး..ယောင်ပြီးတောင်မကြည့်ဘူး..
ဟာသကားများထိပ်ဆုံးက...ရယ်စရာစာအုပ်များထိပ်ဆုံးက
သူငယ်ချင်းများကြားမှာ...ရယ်စရာအပြောတတ်ဆုံးကျွန်မလေ
ဒီလိုစိတ်ပင်ပန်းမှုမျိုး..အင်မတန်ကိုကြောက်ပါတယ်...
ကျွန်မအခု...လုပ်ငန်းခွင်ဝင်နေတဲ့သူဖြစ်လာလေ..ပိုပိုပြီးတော့
ရင်ဆိုင်လာရတော့မယ်...ကျောင်းသူဘ၀တုန်းကလိုမျိုး..
ခဏလေးနဲ့..ပျော်စရာဟာသလုပ်ပြီး..ဖြေဖျောက်လို့လည်းမရ
ကျွန်မဘယ်လိုရင်ဆိုင်ရပါ့မလဲ...ရှေ့ဆက်ရမယ့်ဘ၀ခရီးလမ်များအတွက်
ကျွန်မရဲ့...အားကိုးရသော..ဘလော့မိတ်ဆွေများရေ...
အကြံကောင်းများနှင့်...နည်းလမ်းကောင်းများကို..
လမ်းညွန်ဆုံးမပေးကြပါဦးလို့......
တစ်ခါတစ်လေတော့...လောကမှာ..ကျွန်မလောက်ပျော်တဲ့သူ
မရှိနိုင်လောက်ဘူးလို့ထင်ရလောက်အောင်ကို...ပျော်နေတတ်ပါတယ်..
တစ်ခါတစ်လေတော့လည်း...စိတ်ပင်ပန်းမှုတွေများ...သောကကြုံတဲ့အခါ
မျက်ရည်လည်းကျခွင့်မရတဲ့အနေအထားမျိုး...ပစ္စည်းများအပေါ်ပုံချပြီး
ပေါက်ကွဲလို့လည်းမရတဲ့..အခါမျိုးမှာ...ကျွန်မဘယ်လိုမှမနေတတ်ဘူးရှင့်
အပြုံးကိုဖန်တီး..ဟန်ဆောင်လုပ်ပြုံးနေရတဲ့..ကျွန်မကိုယ်ကျွန်မ
အရမ်းမုန်းမိတယ်...အမြဲတမ်းစိတ်သောကမရှိအောင်..ကျွန်မကြိုးစား
ပြီး..ကျွန်မနေနေပါတယ်...ရုပ်ရှင်ကြည့်တာတောင်..စိတ်ပင်ပန်းရမယ့်
သည်းထိတ်ရင်ဖိုဇတ်လမ်းမျိုး..ယောင်ပြီးတောင်မကြည့်ဘူး..
ဟာသကားများထိပ်ဆုံးက...ရယ်စရာစာအုပ်များထိပ်ဆုံးက
သူငယ်ချင်းများကြားမှာ...ရယ်စရာအပြောတတ်ဆုံးကျွန်မလေ
ဒီလိုစိတ်ပင်ပန်းမှုမျိုး..အင်မတန်ကိုကြောက်ပါတယ်...
ကျွန်မအခု...လုပ်ငန်းခွင်ဝင်နေတဲ့သူဖြစ်လာလေ..ပိုပိုပြီးတော့
ရင်ဆိုင်လာရတော့မယ်...ကျောင်းသူဘ၀တုန်းကလိုမျိုး..
ခဏလေးနဲ့..ပျော်စရာဟာသလုပ်ပြီး..ဖြေဖျောက်လို့လည်းမရ
ကျွန်မဘယ်လိုရင်ဆိုင်ရပါ့မလဲ...ရှေ့ဆက်ရမယ့်ဘ၀ခရီးလမ်များအတွက်
ကျွန်မရဲ့...အားကိုးရသော..ဘလော့မိတ်ဆွေများရေ...
အကြံကောင်းများနှင့်...နည်းလမ်းကောင်းများကို..
လမ်းညွန်ဆုံးမပေးကြပါဦးလို့......
Friday, May 16, 2008
ခေါင်းမော့ခွင့်
ချစ်သူ...
ဝင်လာပါလို့လည်း...
မဖိတ်ခေါ်ဘဲ
နင်..ဇွတ်ဝင်လာ
သွားမယ်လို့လည်း
နူတ်မဆက်ဘဲ...
နင်..ထွက်သွား
ကျန်ရစ်ခဲ့တဲ့..ငါက
ဘာကြီးလဲ...ချစ်သူ
နင်ရဲ့ရိုက်ချက်လို့လည်း...
မသတ်မှတ်ရက်ဘူး
ရိုက်ချက်မဟုတ်တဲ့..
အဖျားခတ်လေးပေါ့
နာလိုက်တာချစ်သူ...
ဖော်ပြလို့လည်း..မတတ်
ခေါင်းမော့ခွင့်လေးတောင်
ငါ့မှာ..ရှိသေးရဲ့လား
ဖိတ်မခေါ်တတ်တဲ့..ငါ
တားပိုင်ခွင့်မရှိတဲ့..ငါ
တစ်ချိန်ချိန်..
ပြန်ဆုံတဲ့အခါ
ခေါင်းမော့ခွင့်လေးတော့
ငါ့မှာ..ရှိပါရစေ
ချယ်ရီချို
ချစ်သူ...
ဝင်လာပါလို့လည်း...
မဖိတ်ခေါ်ဘဲ
နင်..ဇွတ်ဝင်လာ
သွားမယ်လို့လည်း
နူတ်မဆက်ဘဲ...
နင်..ထွက်သွား
ကျန်ရစ်ခဲ့တဲ့..ငါက
ဘာကြီးလဲ...ချစ်သူ
နင်ရဲ့ရိုက်ချက်လို့လည်း...
မသတ်မှတ်ရက်ဘူး
ရိုက်ချက်မဟုတ်တဲ့..
အဖျားခတ်လေးပေါ့
နာလိုက်တာချစ်သူ...
ဖော်ပြလို့လည်း..မတတ်
ခေါင်းမော့ခွင့်လေးတောင်
ငါ့မှာ..ရှိသေးရဲ့လား
ဖိတ်မခေါ်တတ်တဲ့..ငါ
တားပိုင်ခွင့်မရှိတဲ့..ငါ
တစ်ချိန်ချိန်..
ပြန်ဆုံတဲ့အခါ
ခေါင်းမော့ခွင့်လေးတော့
ငါ့မှာ..ရှိပါရစေ
ချယ်ရီချို
အွန်လိုင်းခေတ်
အိုး...
ဘယ်လိုများပါလိမ့်
အွန်လိုင်းပေါ်မှာ..
ဆိုပေမယ့်..ရင်ထဲက
တကယ်အစစ်အမှန်ဆိုတဲ့...
ဘာဘာညာညာပေါ့..
သြော်...
ဒီကလည်း...ဟီးဟီး
ပြောဖန်များလာတော့
တကယ်ပဲများလားလို့....
ထင်ချင်လာသလိုလိုနဲ့
မိန်းကလေးများထုံးစံ
သေချာလေအောင်....
မူပြီးများ..အိုင်တင်ခံလိုက်မိတာ
အိုး..
ဘယ်လိုများပါလိမ့်¿¿¿¿းးး
နောက်တစ်ခါတွေ့တော့
မသိသလိုလိုနဲ့..
ဒါမှ..သြော်
ငါနှယ့်နော်...
မေ့စရာရှားလို့
အွန်လိုင်းခေတ်လေ...
ချယ်ရီချို
အိုး...
ဘယ်လိုများပါလိမ့်
အွန်လိုင်းပေါ်မှာ..
ဆိုပေမယ့်..ရင်ထဲက
တကယ်အစစ်အမှန်ဆိုတဲ့...
ဘာဘာညာညာပေါ့..
သြော်...
ဒီကလည်း...ဟီးဟီး
ပြောဖန်များလာတော့
တကယ်ပဲများလားလို့....
ထင်ချင်လာသလိုလိုနဲ့
မိန်းကလေးများထုံးစံ
သေချာလေအောင်....
မူပြီးများ..အိုင်တင်ခံလိုက်မိတာ
အိုး..
ဘယ်လိုများပါလိမ့်¿¿¿¿းးး
နောက်တစ်ခါတွေ့တော့
မသိသလိုလိုနဲ့..
ဒါမှ..သြော်
ငါနှယ့်နော်...
မေ့စရာရှားလို့
အွန်လိုင်းခေတ်လေ...
ချယ်ရီချို
ချယ်ရီချို....ဒီနေ့လာသွားပါတယ်...
ပို့စ်တွေဆက်တိုက်တင်မလို့လုပ်တုန်း..ဟီး..ဟီး...
ရာသီဥတုကလည်း...အခွင့်အရေးမပေး....
မိုးတွေရွာ..လေပြင်းတွေတိုက်..နဲ့
အင်တာနက်ဆိုက်ဘာတွေ..ပိတ်လိုက်..ဖွင့်လိုက်နဲ့
ဟူး...ရင်နာလိုက်တာ..တင်ထားသမျှလေးကို
ဝေဖန်အားပေးတဲ့အတွက်..ကျေးဇူးများ..
တင်မဆုံးအောင်...ကို..အထူးတင်ရှိပါကြောင်း
ချယ်ရီချို
ပို့စ်တွေဆက်တိုက်တင်မလို့လုပ်တုန်း..ဟီး..ဟီး...
ရာသီဥတုကလည်း...အခွင့်အရေးမပေး....
မိုးတွေရွာ..လေပြင်းတွေတိုက်..နဲ့
အင်တာနက်ဆိုက်ဘာတွေ..ပိတ်လိုက်..ဖွင့်လိုက်နဲ့
ဟူး...ရင်နာလိုက်တာ..တင်ထားသမျှလေးကို
ဝေဖန်အားပေးတဲ့အတွက်..ကျေးဇူးများ..
တင်မဆုံးအောင်...ကို..အထူးတင်ရှိပါကြောင်း
ချယ်ရီချို
Subscribe to:
Posts (Atom)
